Tuesday, October 13, 2015

ဗီဒီယို အကြိုခံစားခြင်း - ကူဖော်လောင်ဖက်


- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍမှာတော့ အိမ်ထောင်ရေးပညာပေး ဇာတ်ကားလေးတစ်ကားအ ကြောင်း ညွှန်းလိုက်ပါတယ်။ဒေါ်ခင်မမက လေဖြတ်ထား တာကြောင့် အိပ်ရာပေါ်ကနေ မထနိုင်တော့ပါဘူး။ ဒါပေမဲ့ မ တည့်တဲ့အစားတွေကိုပဲ စားချင် ပါတယ်။ သူတို့အိမ်မှာခေါ်ထား တဲ့ အိမ်အကူသန်းယုကလည်း ဒေါ်ခင်မမရဲ့ယောက်ျား ဦးသန်း မြိုင်မသိအောင် အမြဲတမ်းချက် ကျွေးလေ့ရှိပါတယ်။ ဦးသန်းမြိုင် က မနက်တိုင်း ကျန်းမာရေးလေ့ ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ အဲဒီ က ပြန်လာမှ မနက်စာ စားပါ တယ်။ ဒေါ်ခင်မမဆီကို လူကိုယ် တိုင် ဝင်မကြည့်ဖြစ်ပေမယ့် သူ့ မိန်းမရဲ့ ကျန်းမာရေး အခြေအနေ သန်းယုကို အမြဲမေးလေ့ရှိပါ တယ်။ အဲဒါကို ဒေါ်ခင်မမက မသိတာကြောင့် သူ့ကို သူ့ယောက်ျား ဂရုမစိုက်တော့ဘူးဆိုပြီး စိတ္တဇ လည်းဖြစ်နေပါတယ်။ သူ့ရဲ့ဝေ ယျာဝစ္စတွေကိုတော့ သန်းယုက အမြဲ မညည်းမညူလုပ်ပေးပါ တယ်။ဒေါ်ခင်မမက သူတို့မိသားစု အကြောင်း သန်းယုကိုအမြဲပြော ပြလေ့ရှိပါတယ်။ သူတို့မှာက ကိုကိုအောင်ဆိုတဲ့ သားတစ် ယောက်ရှိပြီး ဂျပန်မှာ သွားအလုပ်လုပ်နေပါတယ်။ သူ့သား အိမ်မှာ မရှိပေမယ့် သူ့သားအခန်းကို အမြဲတမ်းရှင်းပေးဖို့ သန်းယုကို ဒေါ်ခင်မမက ပြောထားပါတယ်။ ကိုကို အောင်ရဲ့အခန်းကို ရှင်းရင် အခန်းထဲကမှန်မှာ သူ့ကိုယ်သူပြန်ကြည့် ပြီး သန်းယု အားမလိုအားမရဖြစ် နေခဲ့ပါတယ်။ သူ့ရုပ်ရည်နဲ့ အိမ် ဖော်လုပ်နေရတာကိုလည်း မနှစ်မျို့ပါဘူး။ ဒါပေမဲ့ တကယ်တော့ ဒီအလုပ်ကိုတောင် သူကံကောင်းလွန်းလို့ရခဲ့တာပါ။ သန်းယုက သူ့ အဖေရဲ့နောက်အိမ်ထောင်နဲ့အတူနေရတာကြောင့် အိမ်မှာ အမြဲအနှိမ်ခံရလေ့ရှိပါတယ်။ အဲဒါ ကြောင့် သူ့ကို သူ့ရဲ့ဘကြီးဘုန်းကြီးက သီလရှင်ဝတ်ပေးဖို့ ခေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သီလရှင်ဝတ်ဖို့ တငိုငိုတရယ်ရယ် ဖြစ်နေတာကြောင့် သန်းယုကို သူ့ဒကာမတစ်ယောက်ရဲ့ အကူအ ညီနဲ့ အလုပ်ရှာခိုင်းရင်း အခုအ လုပ်ကို ရခဲ့တာပါ။

သန်းယု သူ့ရဲ့တစ်ကိုယ်လုံးကို မှန်ထဲကြည့်နေတဲ့အချိန်မှာ သူ့ကို စိုက်ကြည့်နေသူတစ်ဦးရှိပါတယ်။ အဲဒီလူကတော့ အိမ်ကြီးရဲ့အရှင် ဦးသန်းမြိုင်ပါ။ နောက်ပြီးအဲဒီညမှပဲ သန်းယုရဲ့အခန်းထဲကို အရက်မူးနေတဲ့ ဦးသန်းမြိုင်ဝင်လာပြီး စော်ကားခဲ့ပါတယ်။ အလုပ်ရှင်ဖြစ်နေတာကြောင့် သန်းယုလက်ခံခဲ့ရပေမယ့် မသတီခဲ့ပါ ဘူး။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ဦးသန်းမြိုင်က ပစ္စည်းတွေဝယ်ပေးပြီး သူ့ရဲ့အပြစ်ကို သူတာဝန်ယူမယ်လို့ ပြောခဲ့တာကြောင့် သာယာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ပဲ ဒေါ်ခင်မမရဲ့ ရောဂါအခြေအနေ တော်တော်ဆိုးလာခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်မှာရှိတဲ့ ကိုကိုအောင်ကို ပြန်ခေါ်ခဲ့ပါတယ်။ ကိုကိုအောင်ပြန်လာတဲ့အချိန်မှာ သန်းယုနဲ့ ဦးသန်းမြိုင်ရဲ့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်ဦးမလဲ ဆိုတာကိုတော့ အောင်တိုင်းကျော် ထုတ်လုပ်ရေးက ဖြန့်ချိပေးမယ့် ‘ကူဖော်လောင်ဖက်’ ဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ရှုစားကြပါ။

ဒီဇာတ်ကားမှာ ကိုကိုအောင်အဖြစ် လူမင်း၊ ဦးသန်းမြိုင်အဖြစ် ဇင်ဝိုင်း၊ သန်းယုအဖြစ် အိချောပိုနဲ့ ဒေါ်ခင်မမအဖြစ် မြင့်မြင့်ခိုင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိချမ်းဝေရဲ့ ဝတ္ထုကို မြင့်ဦးဦးမြင့်ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment