Wednesday, October 14, 2015

‘‘ကိုယ် Body ကစားတာကို ဂုဏ်ယူတဲ့အနေနဲ့ ဒီပုံကို တင်ဖြစ်တာပါ’’ -သင်ဇာဝင့်ကျော်နှင့် စကားစမြည်


ဒါရိုက်တာညိုမင်းလွင် ရိုက်ကူး မည့် ‘လူသားများကို ခြောက်လှန့် ရန် တစ္ဆေတစ်ကောင်အလိုရှိ သည်’ရုပ်ရှင်ဇာတ်ကား ကန်တော့ ပွဲပေးသည့် အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ပြု လုပ်ခဲ့သည်။ ယင်းရုပ်ရှင်တွင် မင်းမော်ကွန်း၊ နိုင်းနိုင်း၊ ကျော် ကျော်ဗို၊ ထွန်းထွန်း၊ သင်ဇာဝင့်ကျော်နှင့် စံရတီမိုးမြင့်တို့က အဓိကပါဝင် သရုပ်ဆောင်မည်ဖြစ် သည်။ အဆိုပါ သရုပ်ဆောင်များ မှ သင်ဇာဝင့်ကျော်ကို ယင်းရုပ်ရှင်အကြောင်းအပါအဝင် ပြီးခဲ့သည့် ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်တွင်ကိုယ်တိုင်တင်ခဲ့သော ဓာတ်ပုံအ ကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။အခုရိုက်မယ့် ရုပ်ရှင်မှာ ပါဝင်ရ မယ့် ဇာတ်ရုပ်နဲ့ရိုက်ဖြစ်ခဲ့တဲ့အ ကြောင်းလေး ပြောပြပေးပါလား။ အရင်က သရဲကားတွေ ရိုက်ဖူး လား။

ဒီကားရိုက်ဖို့ ကိုဆာမိက လှမ်းချိတ်တာ။ ကိုညိုဒါရိုက်တာ လုပ်မယ့်ကား။ သရဲကားလေး။ သင်ဇာ့ပုံစံနဲ့လည်း လိုက်တယ်။ နောက်ပြီး မိုးဟေကိုတို့ ထုတ်လုပ် ရေးလည်း ဖြစ်တယ်ဆိုတာ ကြောင့် ရိုက်ဖြစ်တာပါ။ သရဲကား တွေအရှေ့မှာ ရိုက်ထားတာရှိ တယ်။ ဒါပေမဲ့ ရုပ်ရှင်ကားကြီး အနေနဲ့ မရှိသေးဘူး။ ဒါပထမဆုံး ဇာတ်ရုပ်ကတော့ သူဌေးရဲ့ စက္က ထရီ ခပ်ရိုးရိုးကောင်မလေးပဲ။ အစပိုင်းမှာကတည်းက သူကသေ သွားတာ။ ဒါပေမဲ့ လူယောင် ဆောင်ပြီး ထွန်းထွန်းတို့အဖွဲ့ကို သူအသတ်ခံရတဲ့နေရာကို မရောက်ရောက်အောင်ခေါ်ပြီး အဲဒီ case ကို ဖော်ခိုင်းတာ။ အဲဒီ လို ဇာတ်လမ်းမျိုးလေး။

ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်း တဲ့အချိန်မှာ ဘာတွေကို အဓိက ထားပြီးစဉ်းစားလဲ။ နောက်ပြီး ဒီ နှစ်ထဲမှာ ရုပ်ရှင်တွေ ဆက်တိုက် ရိုက်ဖြစ်နေတာဆိုတော့ ဘယ် နှကားလောက်ရိုက်ပြီးသွားပြီလဲ။

ကိုယ့်ကို ဇာတ်နဲ့လိုက်လို့ လာငှားတယ်၊ ကိုယ်ကလည်း ကြိုက်တယ်၊ ဇာတ်လမ်းလည်း ကောင်းတယ်ဆိုရင် ရိုက်ဖြစ်ပါ တယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်လေး ကားရှိပြီ။ နောက်ထပ်ရိုက်ဖို့ သုံး ကားရှိသေးတယ်။

‘မိုးညအိပ်မက်မြူ’ရုပ်ရှင်တုန်းက လို မြန်မာဆန်ဆန်ပုံစံနဲ့ ရုပ်ရှင် တွေ ကမ်းလှမ်းမှုတွေရှိလား။ ကိုယ်တိုင်ကော ဘယ်လို ဇာတ်ရုပ်မျိုးတွေ ရိုက်ချင်သလဲ။

အဲဒီလို ကမ်းလှမ်းမှုတော့ မရှိပါဘူး။ သင်ဇာကိုယ်တိုင်က တော့ အက်ရှင်အကြမ်းတွေရိုက် ချင်တယ်။ ကိုနေတိုးနဲ့ ထွက်ထား တဲ့ ကားတစ်ကား Unseen လိုမျိုး ဇာတ်ကားတွေပဲရိုက်ချင်တယ်။

‘ကြမ်းတယ်’က ဖိုက်တင်တွေ လည်းပါတော့ တခြားကာရိုက် တာတွေထက် ထူးမယ်လို့ထင် တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သင်ဇာဝင့် ကျော်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ Two Piece (ရေကူးဝတ်စုံ)နဲ့ ပုံတင်ခဲ့ တာကို ဝေဖန်မှုတွေရှိခဲ့တော့ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင် လဲ။ အဲဒီပုံကို ဘာကြောင့် တင်ခဲ့ တာလဲ။

ကိုယ် Body ကစားတာကို ဂုဏ်ယူတဲ့အနေနဲ့ တင်ဖြစ်တာ ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် အသက်ကြီးလာရင် ကိုယ့်ဘဝမှာ အမှတ်တရဖြစ်စရာဆိုလို့ ဒီလို ဓာတ်ပုံတွေ ကျန်တာလေ။ တစ် ချိန်တုန်းက ဒီလိုကစားခဲ့တယ်။ ဒီလိုအလှမျိုးရခဲ့တယ်။ နောက်ပြီး ကိုယ့်ပရိသတ်တွေ၊ သူငယ်ချင်း တွေကိုလည်း သိစေချင်လို့။ ဝေ ဖန်မှုတွေနဲ့ပတ်သက်ပြီး ဘာမှ လည်း မပြောချင်ဘူး။ သူ့ဟာသူ ပြောချင်တာ ပြောကြပါစေ။ သင်ဇာက ဂရုမစိုက်တတ်ဘူး လေ။ ကိုယ့်ဘဝတစ်လျှောက်လုံး မှာ ကိုယ့်ခံယူချက်နဲ့ပဲ ကိုယ်သွား တယ်။ ကိုယ်လုပ်ချင်တာလုပ် တယ်။ ကိုယ့်ဟာကိုယ်လည်း ယုံကြည်မှုရှိတယ်။

ဒါပေမဲ့ သင်ဇာဝင့်ကျော်ကို အား ပေးနေတဲ့ မြန်မာဆန်ဆန်ပုံစံပဲ မြင်ချင်တဲ့ ပရိသတ်တွေကို ဘာ ပြောချင်လဲ။

အဓိကကတော့ နားလည် ပေးကြပါလို့ပဲ တောင်းပန်ချင် တယ်။ သင်ဇာ့ကို တကယ်ချစ်တဲ့ ပရိသတ်တွေဆိုရင် သင်ဇာ့စိတ် ကို သိကြတယ်။ အဲဒါကြောင့် သင်ဇာ့ကို တကယ်ချစ်ကြရင် နားလည်ပေးပါလို့ ပြောချင် တယ်။

Body Beauty အတွက်ကို ဘယ် အချိန်ကတည်းက စကစားဖြစ်တာလဲ။

သင်ဇာ Gym ဆော့တာက တော့ ဟိုးငယ်ငယ်ကတည်းက ရှစ်တန်း၊ ကိုးတန်းလောက်က တည်းက အိမ်နားမှာ ဆော့တယ်။ ပြီးတော့ ဂရင်းမီးရထားမှာ ဆော့ တယ်။ မင်းသမီးလုပ်တော့ ကြိုး ကြားကြိုးကြား ဆီဒိုးနားမှာ ဆော့ တယ်။ ဒါပေမဲ့ ကြားထဲမှာ ၂ နှစ်၊ သုံးနှစ်လောက် လုံးဝမဆော့ဘဲ ပျက်သွားတဲ့အချိန်မှာ ကိုယ့်ဟာ ကိုယ် ခန္ဓာကိုယ်အချိုးအစားမကျ တော့ဘူးထင်ပြီး ပြန်ဆော့ခဲ့တာ။

အဲဒီပုံတွေတင်တော့ ပုံနဲ့အတူ ခနဲ့တဲ့တဲ့စာလေးတွေ ရေးတင် တလည်း တွေ့ရတယ်။ စာတွေ ရေးတင်တာကကော ဘာကြောင့် လဲ။

အဲဒါက အကောင့်အစစ် မဟုတ်ဘူး။ သင်ဇာက အင်စတာ ဂရမ်ရယ်၊ သင်ဇာကျော်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ရယ်ပဲ သုံးတာ။ ကျန် တာတွေအားလုံးက အတုတွေ။

ဖေ့စ်ဘွတ်ခ်ကိုကော ကိုယ့်ရဲ့ စိတ်လွတ်လပ်မှုတစ်ခုအနေနဲ့ သုံးဖြစ်တာလား။ ကိုယ့်အတွက် ဘယ်လိုကောင်းကျိုးတွေရလဲ။

အဓိကကတော့ ပရိသတ် တွေနဲ့လည်း မက်ဆင်ဂျာမှာ စကားပြောချင်တာလည်းပါ တယ်။ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို လည်း သိစေချင်တယ်။ အတုက တင်တဲ့ပုံကို သိတာထက်စာရင် အစစ်က တင်တဲ့ပုံကို သိသွားတာ ကို ပိုပြီးလိုချင်လို့။ ကိုယ့်နာမည် ကို အသုံးချပြီး လုပ်နေတဲ့သူတွေ ကို အရွဲ့တိုက်ချင်လို့သုံးတာ။ သင်ဇာအစစ်အမှန်ဆိုတာကို သိ ပြီးလာAddတဲ့သူတွေကတော့ အခုချိန်ထိ စိတ်ဒုက္ခမပေးသေး ဘူး။ Comment တွေမှာလည်း ဆိုးဆိုးရွားရွားရေးတဲ့သူမရှိဘူး။ ကောင်းတာပဲ ရေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ဇာက Accept လုပ်ရင် သူတို့ရဲ့ အကောင့်ထဲကို ဝင်ကြည့်ပြီးမှ အဆင်ပြေတဲ့သူကို Accept လုပ် တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း တော့ လာAddတဲ့သူတွေ အကုန် လုံးကို ပြန်လက်ခံဖြစ်တာများ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖြစ်ရိုက်တဲ့ ပြောင်းလဲချိန်တန်ပြီ ဇာတ်ကား မှာလည်း ဝင်သရုပ်ဆောင်ထား တာတွေ့ရတော့ အဲဒီအကြောင်း လေးလည်း ပြောပြပေးပါဦး။

သူတို့ ကမ်းလှမ်းလို့ရိုက်ပေး ဖြစ်တာပါ။ ကိုယ်လည်း စိတ်ဝင် စားတယ်။ NLD ကိုလည်း ထောက်ခံတယ်။ ယုံကြည်မှုလည်း အပြည့် အဝရှိတယ်။ မဲပေးလို့ရရင်လည်း NLD ကိုပဲ ပေးမှာ။ လောလော ဆယ် တစ်မိသားစုလုံးရဲ့ နာမည် က မဲစာရင်းထဲမှာ မပါဘူး။ ပြန် တော့လျှောက်ထားတယ်။

အဲဒီဇာတ်ကားကို ပရိသတ်တွေ လည်း ကြိုက်တာဆိုတော့ အဲဒီ ဇာတ်ကားကို ပြန်ကြည့်တဲ့အချိန် မှာ ကိုယ်တိုင်ကော အားရကျေ နပ်မှုရှိလား။

အားရပါတယ်။ နောက်ပြီး စကားလုံးတိုင်း စကားလုံးတိုင်းက လည်း အရမ်းကို အဓိပ္ပာယ်ရှိ တယ်။

နောက်ဆုံးအနေနဲ့ ပရိသတ်တွေ အတွက် စကားလက်ဆောင် လေး ပြောပေးပါဦး။

သင်ဇာ့ကို အခုအချိန်ထိ သည်းခံပြီးအားပေးခဲ့တဲ့ ပရိသတ် တွေအားလုံးကို ကျေးဇူးတင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ဆက်လက် ပြီး အားပေးကြပါ။ ပရိသတ်ကြီး အတွက်လည်း ဇာတ်ကားတွေ အများကြီးရိုက်ထားတယ်။ ထပ် ပြီးလည်း ကြိုးစားပါ့မယ်။ ဗီဒီယို တွေ၊ ရုပ်ရှင်ကားကြီးတွေထွက် ရင်လည်း အားပေးကြပါဦးလို့။

ကျေးဇူးတင်ပါတယ်။

7Day Daily

0 comments:

Post a Comment