NCA ကို လက်မှတ်ရေး ထိုးခြင်းသည် အစိုးရတပ်မတော် က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထိုးစစ်ဆင်နေခြင်း နှင့် တိုင်းရင်းသားဒေသများတွင် စစ်အင်အားတိုးချဲ့နေခြင်းများ ကို စာချုပ်ပါ ဥပဒေအရ တားဆီး ရန် ရည်ရွယ်သည်ဟု ချင်းအမျိုး သားတပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ပြော သည်။အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် CNF ၏ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တိုင်းရင်း သားဒေသများတွင် လက်ရှိဖြစ်ပွား နေသော တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ အမေးကို ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဖြေကြားခြင်း ဖြစ်သည်။‘‘တိုက်ပွဲတွေကို လျှော့ဖို့အ တွက် တစ်ခုတည်းသော ကျွန်တော်တို့လုပ်ဆောင်နိုင်တဲ့ နည်းလမ်းက အစိုးရကို ကျွန်တော်တို့အနေနဲ့ ဖိအားပေးပြီးတော့မလုပ်နဲ့တော့ဟေ့လို့ ကျွန်တော် တို့ ပြောနိုင်တဲ့ အခွင့်အရေးက NCA စာချုပ်ချုပ်ပြီးမှပဲရမယ်။ NCA စာချုပ်မချုပ်ဘဲ တောင်းဆို လို့ရတယ်။ မေတ္တာရပ်ခံလို့ရ တယ်။ အဲဒါပဲ ကျွန်တော်တို့လုပ်နိုင်မယ်။ ဒါပေမဲ့ NCA စာချုပ် ချုပ်ပြီးရင်တော့ ခင်ဗျားတို့ မလုပ်နဲ့တော့။ ဒီစာချုပ်ဟာ ခင်ဗျားတို့ကို တားလိမ့်မယ်လို့ ကျွန်တော် တို့ ပြောလို့ရတယ်’’ ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
NCA စာချုပ်ကို အောက် တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က လက်မှတ်ရေးထိုးမည်ဖြစ်သော်လည်း လက်မှတ်ရေးထိုးရန် ရက်ပိုင်းအလိုတွင် ကချင်နှင့် ရှမ်းပြည်နယ်ဒေသများ၌ တိုက်ပွဲအရှိန်ပိုမြင့်လာနေသည်။ ကချင်ပြည်နယ်တွင် မြန်မာ့တပ် မတော်နှင့် ကချင်လွတ်မြောက် ရေး တပ်မတော်(KIA) တိုက်ပွဲ များဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည် နယ်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တအာင်န်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်။ တိုက်ပွဲများကြောင့် အရပ်သားထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။
ချင်းအမျိုးသားတပ်ဦး (CNF)ဥက္ကဋ္ဌ ပူးနန်လျန်ထန်က NCA လက်မှတ်ရေးထိုးခါနီး တိုင်းရင်းသားဒေသများတွင် စစ် ရေးအရှိန်မြင့်လာသည့်အပေါ် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ဆွေးနွေးညှိ နှိုင်းကာ စားပွဲဝိုင်းပေါ်မှတစ်ဆင့် ဖြေရှင်းရန် လိုအပ်သည်ဟု ပြော သည်။ ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက CNF အနေဖြင့် NCA ကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ချရာတွင် အစိုးရ၏ ဖိအားပေးမှု လုံးဝမရှိဘဲ ချင်းလူ မျိုးတို့၏ ကံကြမ္မာကို ချင်းလူမျိုး ကသာ ဆုံးဖြတ်ရမည့် ကိစ္စဖြစ် ခြင်းက အကြောင်းရင်းတစ်ခုအ နေဖြင့် ပါဝင်သည်ဟု ပြောသည်။
7Day Daily
Saturday, October 10, 2015
NCA လက်မှတ်ထိုးခြင်းဖြင့် အစိုးရတပ်မတော် ထိုးစစ်ဆင်ခြင်းနှင့် စစ်အင်အားတိုးချဲ့ခြင်းကို ဟန့်တားနိုင်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment