Monday, October 5, 2015

NCA နောက်ပိုင်း ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို လာမည့် အောက်တိုဘာ ၁၅ရက်နေ့တွင် လက်မှတ် ရေးထိုးပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင် ရန်နိုင်ငံရေးမူဘောင်ဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။နိုင်ငံရေးမူဘောင်ဆိုင်ရာ အလွတ် သဘောဆွေးနွေးပွဲသို့ လက်မှတ်ရေးထိုးရန် သဘောတူသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ((ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်စည်းလုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီ (KNU/ KNLA-PC) တို့ တက်ရောက်ခဲ့ပါတယ်။

မနေ့က သမ္မတဦးသိန်းစိန် တိုင်းပြည်သို့ ပြောသည့် သူ၏ လစဉ်ပြော မိန့်ခွန်း မှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍

မည်သူကိုမျှ ချန်ထားလိုခြင်းမရှိကြောင်း၊ NCA မှာ လက်မှတ် ရေးထိုးဖို့ အဆင်သင့်ဖြစ်နေသည် တိုင်းရင်းသားလ က်နက်ကိုင်အဖွဲ့အစည်းများနဲ့ လက်မှတ်ရေး ထိုးပြီး ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းဆိုပါတယ်။

ဓာတ်ပုံ - MOI
ဧရာဝတီ

0 comments:

Post a Comment