Thursday, June 21, 2018

ထမင်းစားနားချိန်ကို အချိန်သုံးမိနစ်စောထွက်တဲ့ ဂျပန်အရာရှိ ၀န်ချတောင်းပန်ရ


ဂျပန်မြို့ တော်ဆိုင်ရာအရာရှိတစ်ဦးဟာ အလုပ်ချိန်အတွင်း သူ့ ရဲ့ အလုပ်စားပွဲကနေ အကြိမ်ကြိမ်ထွက်ခွာသွားခဲ့မှုကြောင့် ပြစ်တင်ကြိမ်းမောင်းခံခဲ့ရသလို ဒဏ်ကြေးလည်း ချမှတ်ခံခဲ့ရပါတယ်။  ဒါပေမဲ့ သူထွက်ထွက်သွားတယ်ဆိုတာဟာ နေ့ လယ်စာဝယ်ယူဖို့ အတွက် နားချိန်မရောက်ခင် သုံးမိနစ်ဝန်းကျင်လောက်သာ စောထွက်ခဲ့မှုမျိုး ဖြစ်ပါတယ်။ 

သူဟာ ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘေးမြို့ က ရေပေးဝေရေးဗျူယိုမှာ လုပ်ကိုင်တဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ မြို့ အုပ်ချုပ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူရဲ့  အဆိုအရ သူဟာ အချိန် ၇ လ ကျော်အတွင်း နေ့ လယ်စာနားချိန်တွေမှာ ၂၆ ကြိမ်လောက် စောထွက်ခဲ့တယ်လို့  ဆိုပါတယ်။ “ နေ့ လည်စာနားချိန်က မွန်းတည့်ချိန်ကနေ မွန်းလွဲ တစ်နာရီအထိပါ၊ သူက နားချိန်မတိုင်ခင် အလုပ်စားပွဲက ထထသွားတာပါ” လို့  ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၁ ရက်နေ့ မှာ AFP သတင်းကို ပြောခဲ့ပါတယ်။ 

ယင်းကိစ္စနဲ့ ပတ်သက်ပြီး အသက် ၆၄ နှစ်အရွယ် ယင်းအရာရှိကို နေ့ တစ်ဝက်ခ ဒဏ်ကြေးတပ်ခဲ့သလို သတင်းစာရှင်းလင်းပွဲလုပ်ကာ အပြစ်အတွက် ၀န်ချတောင်းပန်ဖို့  အထက်လူကြီးတွေက စေခိုင်းခဲ့ပါတယ်။ “ ဖြစ်ပေါ်ခဲ့တဲ့ စီမံခန့် ခွဲမှုအမှားအတွက် အရမ်းဝမ်းနည်းရပါတယ်။ ကျွန်တော်က တောင်းပန်ပါတယ်” လို့  ဗျူယိုအရာရှိတစ်ဦးက ခေါင်းစိုက်ဦးညွှတ်ရင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ၀န်ထမ်းတွေအနေနဲ့  ကိုယ့်လုပ်ငန်းတာဝန်တွေအပေါ် အာရုံစိုက်ကြရမယ်ဆိုတဲ့ ပြည်သူ့ ဝန်ဆောင်မှု ဥပဒေကို ဒီအရာရှိက ချိုးဖောက်ခဲ့တယ်လို့  ဗျူယိုက ဆိုပါတယ်။ 

ဒီသတင်းဟာ ဂျပန်နိုင်ငံ လူမှုကွန်ရက်မှာ ပြင်းထန်တဲ့ ငြင်းခုံမှုတွေ ပေါ်ထွက်စေခဲ့ပြီး အများစုက အရာရှိဘက်နေက ကာကွယ်ဖေးမမှုတွေ လုပ်ခဲ့ပါတယ်။ 

“ဒီလုပ်ရပ်က တော်တော်ရူးပြီး ကြောင်တောင်တောင်နိုင်ပါတယ်။ ဆေးလိပ်သောက်ချင်လို့  ခင်ဗျားအလုပ်စားပွဲက ထသွားရရင် ဘယ်လိုလုပ်ကြမလဲဗျာ” လို့  တွစ်တာအသုံးပြုသူတစ်ဦးက ပြောဆိုပါတယ်။ ဒါ့အပြင် နောက်တစ်ဦးကတော့“ ဒါက ဆိုးဝါးတဲ့ ဟာသတစ်ခုများလား၊ ကျွန်တော်တို့  သန့် စင်ခန်းတောင် သွားလို့ မရတော့ဘူးဆိုတဲ့ သဘောလားဗျာ” လို့  ရေးသားခဲ့ပါတယ်။ 

ယင်းမြို့ မှာ ယခင်ကလည်း အလုပ်ချိန်အတွင်း အသင့်စား နေ့လယ်စာထမင်းဘူး မကြာခဏ ထွက်ဝယ်လေ့ရှိတဲ့ ၀န်ထမ်းတစ်ဦးကို တစ်လတိတိအလုပ်ကနေ ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ဖူးကြောင်း သိရပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)
Ref: CNA 

0 comments:

Post a Comment