Thursday, June 21, 2018

ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည်


ရှေ့လာမည့် သတင်းပတ်အတွင်း၌ မြန်မာနိုင်ငံသို့ရောက်ရှိလာမည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maure သည် ရခိုင်ပြည်နယ် မောင်တောဒေသသို့သွားရောက်မည်ဖြစ်ကြောင်းICRC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၂၁ရက်နေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်သော ICRCဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီစဉ်မတိုင်မီ ICRC မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့်သတင်းမီဒီယာသမားများတွေ့ဆုံသည့်ပွဲတွင် ICRC မြန်မာကိုယ်
စားလှယ်ရုံးမှ Public Relations Officer မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူက ရခိုင်ပြည်နယ်သွားမယ်။ ပြီးတော့ ICRC က အကူညီပေးနေတဲ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်တဲ့ ရွေ့လျားဆေးပေးခန်းမှာ လာတဲ့လူနာတွေကို ဘယ်လိုအကူညီပေးနေလည်းဆိုတာသွားကြည်ချင်တယ်။ နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းပေါ့ မောင်တောမှရှိတဲ့အစားအစာတွေပေးဝေနေတာ အကူညီပေးနေတာတွေကိုသွားကြည်ချင်တယ်။ လောလောဆယ်လည်း ICRC က နှစ်ဆတိုးပြီးအကူညီပေးနေတာပါ။ မြေပြင်မှာ ဘယ်လိုဖြစ်နေလည်းဆိုတာ သွားကြည်ချင်တယ် အဲဒါပါပဲ” ဟု၎င်းက ပြောကြားသည်။

ICRC ဥက္ကဋ္ဌသည် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီးနောက် နိုင်တော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်းတွေ့ဆုံဖြစ်ကြောင်းကိုလည်း ၄င်းက ပြောကြားသည်။

“ ICRC ဥက္ကဋ္ဌက နောက်အပတ်မှာလာမယ်။ ရခိုင်ကိုသွားမယ် ၂ရက် ၃သုံးရက်လောက်နေမယ် ပြီးရင် နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို သောကြာနေ့လောက်မှာ တွေ့ဖြစ်ဖို့များ
တယ် အဲဒါပြီးရင် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားမယ်”ဟု ၄င်းကပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကောက်မတီ (ICRC) သည် ၁၉၈၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment