Wednesday, June 20, 2018

အင်းစိန်ထောင်၏ထောင်ဝင်စာ အဆောက်အအုံများကို ICRC ပံ့ပိုးမှုဖြင့် ပြင်ဆင်မည်


အကျဉ်းသားတစ် သောင်းကျော်ရှိသည့် အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ထောင် ဝင်စာအဆောက်အအုံသစ်များ ကို အကျဉ်းဦးစီးဌာနနှင့်ပူးပေါင်း ၍ တည်ဆောက်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)က သတင်း ထုတ်ပြန်သည်။

ယင်းစီမံကိန်းကို အကျဉ်း သားနှင့် မိသားစုဝင်များအကြား ကွဲကွာရခြင်းဟူသည့် ခံစားမှုများ ကို လျှော့ချပေးနိုင်ရန် ရည်ရွယ် ကာ အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ပြီးဆုံးမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

အသစ်တည်ဆောက်သော ထောင်ဝင်စာတွေ့ဆုံမည့် အခန်း များသည် အလင်းရောင်နှင့်လေ ဝင်၊ လေထွက်စနစ် ပိုမိုကောင်း မွန်မည့်အပြင် ဘေးအသံအနှောင့် အယှက်များလျော့ပါးစေမည်ဖြစ် ပြီး ကော်ဖီဆိုင်၊ အိမ်သာများအပါ အဝင် မိဘများနှင့်အတူ လိုက်ပါ လာသည့် ကလေးများအတွက် ကစားကွင်းများပါဝင်မည် ဖြစ် ကြောင်း ICRC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဆောက်အအုံ သစ်များနှင့် ဝန်ဆောင်မှုများ ကြောင့် အကျဉ်းသားနှင့်မိသားစု ဝင်များအကြား ပိုမိုကောင်းမွန် သည့်ဆက်ဆံရေး ထိန်းသိမ်းထား နိုင်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

လက်ရှိတွင် ICRC အနေဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်အ တွင်း ထောင်ဝင်စာလာရောက် တွေ့ဆုံသူများအတွက် ယာယီနားနေဆောင်တစ်ခု ဆောက်လုပ် ရန်စီစဉ်နေပြီး ထောင်ဝင်စာတွေ့ သည့် အဆောက်အအုံတစ်ခုလုံး ကို အသစ်ပြန်လည်တည်ဆောက် မည်ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်း ထွန်းစိုးက ပြောသည်။

‘‘ဒါ ပထမဆုံးလုပ်တာ။ ထောင်ဝင်စာတွေ့တဲ့ လူဦးရေ တို့၊ ထောင်ဝင်စာမှတ်တမ်းရေး တဲ့ နေရာ၊ ထောင်ကလုပ်တဲ့လက် မှုပစ္စည်းအရောင်းဆိုင်တို့လုပ် မယ်။ ပိုကောင်းသွားမယ်။ အရမ်း မြင့်သွားမှာ’’ဟု ၎င်းက ရှင်းပြ သည်။ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ(ICRC)အနေဖြင့် အကျဉ်းထောင်များ ရုပ်ပိုင်းဆိုင် ရာအရ အဆင့်မြှင့်တင်ခြင်းကို ကြိုဆိုကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများဦးဆောင်ကော် မတီဝင် ဦးထွန်းကြည်က ပြော ကြားသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် အကျဉ်းထောင် စနစ်အပါအဝင် အကျဉ်းဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေ ရေးအတွက်ပါ ICRC အနေဖြင့် ကူညီဆောင်ရွက်ပေးရန် ဦးထွန်း ကြည်က အကြံပြုသည်။

‘‘လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဝန်ထမ်းတွေ တကယ်ကိုလည်းမသိဘူး။ လေးစားလိုက်နာရမှန်းလည်းမသိဘူး။ စံနှုန်းစံထားတွေလည်း မသိဘူး။ စနစ်မ ပြောင်းဘဲနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေပဲ လုပ်ဆောင်နေရင် အလုပ်မဖြစ် ဘူး’’ဟု ၎င်းက သုံးသပ်သည်။

7Day

0 comments:

Post a Comment