အင်ဒိုနီးရှားနိုင်ငံ လူဦးရေထူထပ်ရာ ဂျာဗားကျွန်းမှာ မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၃၈ ဦး ပျောက်ဆုံးနေတယ်လို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောကြားပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့က အနောက်ဂျာဗားရှိ ရွာတရွာမှာ ဖြစ်ခဲ့တဲ့ မြေပြိုမှုတွေကြောင့် လူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၃၀ မြေကြီးအောက် နစ်မြုပ်ခဲ့တယ်လို့ အေဂျင်စီပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
မြေပြိုမှုဖြစ်ရာနေရာမှာ မိုးကြီးနေတာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေတယ်လို့လည်း သူက ဆိုပါတယ်။
အသက်ရှင်သူတွေကို ရှာဖွေဖို့အတွက် ယန္တရားကြီးတွေ လိုအပ်တယ်လို့လည်း အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB
0 comments:
Post a Comment