Monday, January 28, 2019

လူ့အခွင့်အရေးရှေ့နေ ဝမ်ချွမ်ကျန်းကို တရုတ်တရားရုံးက ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်


ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေ ၀မ်ချွမ်ကျန်းကို တရုတ်တရားရုံးက ဇန်န၀ါရီ ၂၈ ရက်နေ့မှာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ 
အဲဒီလိုချမှတ်တာကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်က လုံးဝတရားမျှတမှု ကင်းမဲ့တယ်ဆိုပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ 

ဝမ်ချွမ်ကျန်းဟာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ရှေ့နေတွေကို ဖြိုခွင်းတဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လတုန်းက ပျောက်ဆုံးသွားခဲ့တာပါ။ 

တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်း တရားရုံးက ၀မ်ကို အပြစ်ရှိတယ်ဆိုပြီး အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီလို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ၀မ်ကိုရော တရုတ်တရားရေးဌာနကိုပါ မှတ်ချက်တစုံတရာ ဖြေကြားပေးဖို့ ရိုက်တာသတင်းဌာနအနေနဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ 

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ ဟောင်ကောင် အခြေစိုက် သုတေသီတဦးက လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ရပ်တည်ခဲ့တဲ့အပေါ်မှာ ၀မ်ဟာ အပြစ်ပေးခံရတာလို့ ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment