Monday, January 28, 2019

UNICEF အကြီးအကဲ စစ်တွေမြို့ ရောက်ရှိ


ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် စစ်တွေမြို့ကို ဒီနေ့မနက်က ရောက်ရှိလာပါတယ်။ 
ဒီခရီးစဉ်အတွင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံမှာဖြစ်သလို ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရတဲ့ မင်းဂံ ရခိုင်ကယ်ဆယ်ရေးစခန်းနဲ့ သက္ကယ်ပြင် မွတ်စလင် ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ 

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ခရီးစဉ်နဲ့အတူ လိုက်ပါလာတဲ့ UNICEF တာဝန်ရှိသူတွေကို RFA ကမေးမြန်းရာမှာ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို သီးသန့်ထုတ်ပြန်မှာဖြစ်တဲ့အတွက် သီးခြား မပြောလိုသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ 

UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ UNICEF တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေအပြင် ကလေးသူငယ်တွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ကျောင်းပြင်ပ အသက်မွေးဝမ်းကျောင်းပညာ လေ့လာသင်ယူရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုပြုလုပ်သွားဖို့ကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


Photo: Min Thein Aung/ RFA

0 comments:

Post a Comment