Monday, January 28, 2019

လူတိုင်း ဘတ်စ်ကားစီးနိုင်အောင်လုပ်ရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော


ရန်ကုန်မြို့တွင် Public Transpotation ကိုဦးစားပေးမည်ဖြစ်ကာ လူတိုင်းဘတ်စ်ကားစီးနိုင်အောင် လုပ်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။  
MICT Park တွင် ဇန်နဝါရီလ ၂၆ ရက်က ကျင်းပခဲ့သည့် 10th Anniversary of BARCAMP Yangon 2019 တွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ 
  
“ ဘတ်စ်ကားလမ်းကြောင်းကို သီးသန့်ပေးဖို့အတွက် ပြင်ဆင်နေတယ်။ Public Transpotation ကို ဦးစားပေးရမယ်။ ၃၀ ရာခိုင်နှုန်းက ဘတ်စ်ကားတွေဖြစ်ပြီးတော့ ၇၀ ရာခိုင်နှုန်းက ကိုယ်ပိုင်ကားတွေ ဖြစ်နေတယ်။ လူတိုင်းဘတ်စ်ကားစီးနိုင်အောင်လုပ်ရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မထသစနစ်မှ YBS စနစ်သို့ပြောင်းလဲပြေးဆွဲခဲ့ပြီး လက်ရှိတွင် ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်နှင့် ယာဉ်လိုင်းပေါင်း ၁၀၀ ဖြင့် နေ့စဉ်ခရီးသည် ၂ ဒဿ၈ သန်းခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ 

ယင်းအပြင် YBS စနစ်ပြောင်းလဲပြေးဆွဲပြီး ၂ နှစ်ကျော်ကာလအတွင်း ယာဉ်စီးခပေးချေရာတွင် အသုံးပြုသွားမည့် YPS ကတ်စနစ်ကို ခြောက်လအတွင်း ယာဉ်အစီးရေ ၂၀၀၀ တွင် စမ်းသပ်အသုံးပြုသွားမည် ဖြစ်ပြီး တစ်နှစ်ကျော်ကာလတွင် လူတိုင်းကတ်စနစ်သုံးနိုင်သည့် အခြေအနေကို ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment