Monday, January 28, 2019

ဝိုင်ဘီအက်စ် (၃၇)ယာဉ်မောင်းအချို့ လက်ပတ်နီစည်း လှုပ်ရှား၍အချက်ခြောက်ချက်တောင်းဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ရှယ်ယာအများဆုံးပါ ၀င်သည့် YBPC ဘတ်စ်ကား ကုမ္ပဏီလက်အောက်ရှိ ၀ိုင်ဘီ အက်စ်(၃၇)ယာဉ်လိုင်းမှ ယာဉ် မောင်းအချို့က လုပ်သားအခွင့် အရေးရရှိရန်ဆိုကာ ယမန်နေ့က လက်မောင်းတွင် လက်ပတ်နီ စည်း၍ လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ 
အဆိုပါယာဉ်မောင်းများက ၀ိုင်ဘီအက်စ်(၃၇)ယာဉ်လိုင်းများ တွင် ဖြစ်ပေါ်နေသောယာဉ်စီးခ ငွေကြေးမသမာမှုပြုလုပ်နေခြင်း များကို ထိရောက်စွာဖော်ထုတ် ကာ ဥပဒေနှင့်အညီ အရေးယူ ရန်၊ ယာဉ်မောင်းနှင့် အလုပ်ရှင် နှစ်ဖက်ညှိနှိုင်း၍ အလုပ်ခန့်ထား မှုဆိုင်ရာသဘောတူစာချုပ်(EC) အမြန်ဆုံးချုပ်ဆိုရန်၊ ယာဉ် မောင်းများ၏အချိန်ပိုကြေးကို အ လုပ်သမားဥပဒေနှင့်အညီ တရား ၀င်သတ်မှတ်ပေးရန် တောင်းဆို ခဲ့သည်။ 

ထို့အပြင် ယာဉ်မတော်တဆ မှုဖြစ်စဉ်များတွင် သက်ဆိုင်ရာ အာမခံကုမ္ပဏီကပေးလျော်သည် ဖြစ်စေ၊ မပေးလျော်သည်ဖြစ်စေ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုး၏ သုံးပုံနှစ်ပုံကို ယာဉ်မောင်းက ကျခံပေးလျော်စေသည့် သတ်မှတ် ချက်ကို ပယ်ဖျက်၍ စည်းကမ်း ချက်အသစ်ထုတ်ပေးရန်၊ လစာ ကျပ်သုံးသိန်းကို နှစ်ကြိမ်ခွဲပေးရာ တွင် ၂၀ ရက်၌ ပထမကျပ်တစ် သိန်းခွဲ၊ လကုန်ရက်တွင် ကျပ်တစ် သိန်းခွဲအပြည့်အ၀ရရှိရေးနှင့် အ များပြည်သူ ရုံးပိတ်ရက်များတွင် အလုပ်ဆင်းသူများကို အချိန်ပို ကြေးအပြည့်အ၀ပေးရန်၊ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ (WCC) တရား ၀င် ဖွဲ့စည်းပေးရန်ဆိုသည့် အ ချက်ခြောက်ချက်ကို တောင်းဆို ခဲ့သည်။ 

ဝိုင်ဘီအက်စ် (၃၇) ယာဉ် မောင်းများဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ယာဉ်မောင်းများ သမဂ္ဂ(Y.B.P.D)က ယင်းအချက် များကို ဦးဆောင်တောင်းဆိုပြီး တောင်းဆိုချက်များ လေးနက် ပေါ်လွင်မှု ရှိစေရန်ဟုဆိုကာ ယာဉ်မောင်းအချို့က လက်မောင်းများတွင် လက်ပတ်အနီများပတ်၍ လှုပ်ရှားမှုပြုလုပ်ခဲ့ သည်။ 

‘‘မနက်ပိုင်း ကားတစ် ကြောင်းမှာ လက်ပတ်တွေပတ်ပြီး မောင်းလိုက်ကြတယ်။ နောက် တော့ ရုံးချုပ်ကနေ အစည်းအဝေး လုပ်ပြီး ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ငါးရက်တော့ စောင့် ပေးပါပြောတာနဲ့ ပြန်ဖြုတ်လိုက် ကြတယ်’’ဟု အသက်(၃၅)နှစ် အရွယ် ၀ိုင်ဘီအက်စ်(၃၇)မှယာဉ် မောင်းတစ်ဦးက ပြောသည်။ 

ထိုသို့ လက်ပတ်နီပတ်၍ တောင်းဆိုလှုပ်ရှားခြင်းကို (၃၇) နံပါတ်တူ ယာဉ်လိုင်းငါးလိုင်းမှ ယာဉ်မောင်း ၁၅၀ ကျော်က ပြု လုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ၀ိုင်ဘီအက်စ်(၃၇)တွင် ယာဉ်စီးရေ ၂၀၀ ခန့်ရှိပြီး ယာဉ်မောင်း ၂၅၀ ခန့် ရှိသည်ဟု အထက်ပါယာဉ်မောင်းများက ဆို သည်။ 

ကုမ္ပဏီက ငါးရက်စောင့်ရန် အကြောင်းပြန်ခြင်းကြောင့် သတ် မှတ်ရက်အထိ စောင့်ဆိုင်းပေး မည်ဖြစ်ကာ ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းမရှိပါက လှုပ်ရှားမှု များဆက်လက်ပြုလုပ်မည်ဟု အ ဆိုပါယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးကဆိုသည်။ 

ယာဉ်မောင်းများ၏ တောင်း ဆိုလှုပ်ရှားမှုနှင့်ပတ်သက်၍ ရန် ကုန်ဘတ်စ်ကား အများနှင့်သက် ဆိုင်သောကုမ္ပဏီ(YBPC) ဒုတိယအထွေထွေမန်နေဂျာ ဦးသောင်းထံ ဆက်သွယ်မေးမြန်းရာ နေမကောင်းသဖြင့် ရုံးမတက်ဖြစ်သောကြောင့် ယင်းဖြစ်စဉ်ကို မသိရသေးကြောင်း ပြန်လည်ဖြေ ကြားသည်။ 

YBPC သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ရှယ်ယာအ များဆုံးထည့်ဝင်ထားသည့် ကုမ္ပ ဏီဖြစ်ပြီး ယခင်အစိုးရလက် ထက်ကတည်းက BRT ယာဉ် လိုင်းအမည်ဖြင့် ဘတ်စ်ကားပြေး ဆွဲမှုစတင်ခဲ့သည်။ 

အဆိုပါ BRT ဘတ်စ်ကား အဖြစ် ပြေးဆွဲသည့် ၂၀၁၆ နိုဝင် ဘာကလည်း အခွင့်အရေးအပြည့် အ၀ရရှိရန်ဆိုကာ ယာဉ်မောင်း အချို့က လိုင်းထွက်ပြေးဆွဲခြင်း မပြုလုပ်ဘဲ ၎င်းတို့လိုလားချက် များကို တောင်းဆိုခဲ့သည်။

7Day

0 comments:

Post a Comment