Friday, July 3, 2020

မြန်မာနိုင်ငံမှ နေရပ်ပြန် ထိုင်းနိုင်ငံသား ၃၉ ဦးကို တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၉ ဦးတို့ကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန်ထိုင်းနိုင်ငံသား ၃၉ ဦးသည် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ကိုဗစ်-19 ကူးစက်ရောဂါကြောင့် နေရပ်သို့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ပြန် ထိုင်းနိုင်ငံသား ၃၉ ဦးကို တာချီလိတ်မြို့ လဝကဌာနခွဲ (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးဆောင် သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် CNCMC အဖွဲ့က ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တံတား (၂) တာဝန်ခံရဲအရာရှိ Pathpon Onnoul ၊ လဝကအရာရှိ Sakhonnawat Luansomwang ၊ ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ Priawpurin Manopeaw ဦးစီးသည့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။
Ref ; Si Thu Maung

0 comments:

Post a Comment