Thursday, July 30, 2020

အီဂျစ်မှာ Tik Tok ဗွီဒီယိုနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာတန်ဖိုးကို ကျဆင်းစေခဲ့တဲ့ အီဂျစ်အမျိုးသမီးငါးဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

အီဂျစ်နိုင်ငံမှာ Mawada Eladhm ( အသက်၂၂ နှစ် ) နဲ့ Haneen Hossam ( ၂၀ နှစ် ) အပါအဝင် အမျိုးသ မီး ၅ ဦးဟာ Tik Tok မှာ သရုပ်ပျက် ကပြထားတဲ့ ဗွီဒီယိုတွေ တင်ခဲ့ခြင်းကြောင့် အီဂျစ်မိသားစု စည်မျည်းစည်းကမ်းနဲ့ ဂုဏ်သိက္ခာတန်ဖိုးကို ချိုးဖောက်ရာကျခဲ့ပြီး ဒဏ်ငွေ ပေါင် ၃၀၀၀၀၀ ( အမေရိကန်ဒေါ်လာ ၁၈၇၈၀ ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတယ်လို့ သိရပါတယ်။
Associated Press ( AP ) သတင်းဌာနမှ ဖော်ပြချက်အရ တရားစွဲဆိုမှုမှာ Eladhm နဲ့ Hossam ကိုသာ အ မည်သိရပြီး ၎င်းတို့နှစ်ယောက် ကနိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ ကျန်အမျိုးသမီး ၃ ဦးရဲ့ အမည်တွေကိုတော့ ဖုံးကွယ်ထားတယ်လို့ သိရပါတယ်။ Eladhm ရဲ့ ရှေ့နေက AP သတင်းဌာနရဲ့ ဖော်ပြချက်ကို အတည် ပြုခဲ့ပြီး Eladhm ရဲ့ ဗွီဒီယိုတွေဟာ အရှက်ရစေကာ ဂုဏ်သိက္ခာ စော်ကားမှု ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ဖော်လိုဝါလိုချင်လို့ ဒီလိုလုပ်ရပ်မျိုး ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ ၎င်းတို့ဟာ ပြည့် တန်ဆာကွန်ရက်တွေမှာ မပါဝင်ကြောင်း၊ ၎င်းတို့ရဲ့ ဖြေရှင်းချက်တွေအပေါ် အစိုးရရှေ့နေတွေက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိရှိသေးကြောင်း Eladhm ရဲ့ ရှေ့နေက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Tik Tok က ချက်ခြင်း ပြန်လည်တုံ့ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment