Wednesday, July 29, 2020

ဘုရားဖူးမိဘပြည်သူများနှင့် ပြန်လည်စည်ကားနေသော ပုဂံဒေသတွင် COVID-19ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် စေတီပုထိုးများအား သွားလာဝင်ရောက်ဖူးမြော်ခွင့် ယနေ့မှစ ယာယီရပ်ဆိုင်း

ပုဂံဒေသရှိ စေတီပုထိုးများအား ဘုရားဖူးများ သွားလာဝင်ရောက်ဖူးမြော်ခွင့် ယနေ့မှစ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ခရိုင်အဆင့် ကိုဗစ်ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီက ယမန်နေ့က အစည်းအဝေးပြုလုပ်ပြီး ဘုရားဖူးခြင်းအားယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က ယခုသတင်းမှာ မှန်ကန်ကြောင်း နှင့် လိုအပ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု Myanmar Harpကိုပြောသည်။
ညောင်ဦးမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ခိုင်က “ညက ဘုရားဂေါပကတွေကို သက်ဆိုင်ရာက ခေါ်တွေ့တယ်။အမျိုးသားအဆင့်ကော်မတီကတောင် ညွှန်ကြားချက်တွေကို သြဂုတ် ၂၈ရက်နေ့အထိ သက်တမ်းတိုးထားတယ်။ဒီမှာက ဖွင့်နေတော့ မသင့်တော်ဘူးလေ။နောက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်လည်း ဆောင်ရွက်ဖို့ လိုတော့ ပိတ်မယ်။ဖွင့်မယ့် ရက်ကို ကြေညာပေးမယ် ဆိုပြီး ယာယီ ပိတ်ခိုင်းလိုက်တာ”ဟု Myanmar Harpက ပြောသည်။
ခရိုင်အဆင့်၏ ညွှန်ကြားချက်အတိုင်း ယနေ့မှ စပြီးပုဂံဒေသရှိ စေတီပုထိုးများအား ဘုရားဖူးများ သွားလာဝင်ရောက်ဖူးမြော်ခွင့်ကို ရပ်ဆိုင်းထားပြီးကြောင်း အဆိုပါဒေသရှိ လုံခြုံရေးတာဝန်ရှိသူအချို့က ပြောသည်။

0 comments:

Post a Comment