Thursday, July 30, 2020

ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ ရွှေတိဂုံစေတီတော် ပြန်လည်ဖွင့်လှစ်နိုင်မည်

ရွှေတိဂုံစေတီတော်သည် ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှုအောက်၌ ရှိသည့် စေတီတော် ဖြစ်နေခြင်းကြောင့် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြု့ချက်ဖြင့်သာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ရွေတိဂုံဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရွှေတိဂုံစေတီတော် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအချို့သည် ဇူလိုင် (၂၉)ရက်၌ ရွှေတိဂုံစေတီတော်သို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရွှေတိဂုံ ပေါပကအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ရန်ကုန်မှာ ရှိတဲ့ စေတီတော်တွေက တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှု အောက်မှာရှိတဲ့ စေတီတွေရှိပါတယ်။သို့သော် လည်း ရွှေတိဂုံ စေတီတော်က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရရှိရတာဖြစ်တယ်။ယနေ့ထိတော့ ပြန်ဖွင့်ဖို့ ညွှန်ကြားချက် မရောက်သေးဘူး”လို့ ရွှေတိဂုံဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အပါအဝင် အခြားသော စေတီတော်၊ဘုရားများကို COVID-19 ကြောင့် ဧပြီလမှစတင်ပြီ ယနေ့အထိ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment