Thursday, July 30, 2020

နှာခေါင်းစည်းမတပ်သည့်အမတ်များ လွှတ်တော်မှနှင်ထုတ်ခံရမည်ဟု အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသတိပေး

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၅၀၀၀၀ ကျော်သွားသဖြင့် လွှတ်တော်အမတ်အားလုံးနှင့်ဝန်ထမ်းအားလုံး နှာခေါင်းစည်းတပ်ရန် အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌကညွှန် ကြားသည်။
စည်းကမ်းအသစ်ကိုမလိုက်နာသည့်မည်သူမဆို လွှတ်တော်ခန်းမအတွင်းမှနှင်ထုတ်ခံရမည်ဟု ဥက္ကဋ္ဌနန်စီ ပီလိုစီကပြောသည်။
လွှတ်တော်အဆောက်အအုံသို့ နှာခေါင်းစည်းမတပ်ဘဲ မကြာခဏမြင်တွေ့ရလေ့ရှိသည့် တက္ကဆက်ပြည်နယ်မှရီပတ်ဘလစ်ကန်ပါတီအမတ် လူဝီ ဂို့မားတ်တွင် COVID-19 ရောဂါကူးစက်ခံနေရကြောင်း ဗုဒ္ဓဟူးနေ့တွင်တွေ့ရှိပြီးနောက် ပီလိုစီက ဆုံးဖြတ်ခြင်းဖြစ်သည်။
ဂို့မားတ်ကူးစက်ခံရကြောင်းတွေ့ရှိသည့်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့်အတူခရီးထွက်ရန်ရှိသည်။
GovTrack.us ဝက်ဆိုက်မှအချက်အလက်များအရ ဒီမိုကရတ်အမတ် ၃ ယောက်နှင့် ရီပတ်ဘလစ်ကန်အမတ် ၇ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားသည်။

Ref ; People Media

0 comments:

Post a Comment