Friday, July 31, 2020

ကွတ်ခိုင်တွင် ကလေးများဆော့ကစားရာမှ မိုင်းပေါက်ကွဲ၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေအိမ်တွင် လူကြီးများမရှိစဉ် အိမ်၊ ရေတွင်းနှင့် အိမ်သာအကြားတွင် ကလေးများ ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ဒဏ်ရာရရှိခဲ့သည့်အနက် ဦးခေါင်းအနောက်ဘက်တွင် ဒဏ်ရာရရှိသည့် မကိန်ခမ်း (၅ နှစ်) သည် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ယင်းနေ့ည ၉ နရီ ၄၀ မိနစ်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုမှ ဦးခေါင်းဝဲဘက်ခြမ်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မငွေစင်အောင် (ခ) မအေးလောင်၊ ခြေထောက် ၂ ဘက် ဒဏ်ရာ ရရှိသူ ၎င်း၏မောင်ဖြစ်သူ မောင်ကျော်ထွန်းနှင့် ဝဲဘက်နံရိုး ဒဏ်ရာ ရရှိသူ မောင်အောင်နိုင်တွင် ၃ ဦးအား ကွတ်ခိုင်ဆေးရုံမှ လားရှိုးဆေးရုံသို့ ဆက်လက်လွှဲပြောင်း ဆေးကုသမှု ခံယူ စေလျက်ရှိပြီး ဒဏ်ရာမပြင်းထန်သည့် ကျောဘက်တွင် ရှပ်မှန်ဒဏ်ရာရရှိသူ စိုင်းခမ်းနှင့် ဂုတ်တွင် ရှပ်ထိဒဏ်ရာ ရရှိသူ ခမ်းလောင်တို့ ၂ ဦးအား ကျေးရွာ၌ပင် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။
crd-ကမ္ဘောဇတိုင်း #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment