Wednesday, July 29, 2020

ဘောလခဲခရိုင် သစ်တောဦးစီးဌာနမှ သိမ်းဆည်းရမိသစ်များအား လွိုင်ကော်သို့ပို့ဆောင် ရန် တင်ဆောင်လာသည့် မော်တော်ယာဉ်များအား သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ

ကယားပြည်နယ်၊ ဘောလခဲခရိုင် သစ်တောဦးစီးဌာနမှ သိမ်းဆည်းရမိသည့်သစ်များအား လွိုင်ကော်မြို့သို့ပို့ဆောင်ရန် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာစဉ် ဇူလိုင် ၂၇ ရက် ညပိုင်းတွင် ဖားဆောင်းမြို့၏ အရှေ့တောင်ဘက်မိုင် ၂၀ ခန့်အကွာသို့အရောက်၌ လက်နက်ကိုင်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က မော်တော်ယာဉ်များအား လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဘောလခဲခရိုင် သစ်တောဦးစီးမှူး ဦးမင်းလတ်နိုင် ဦးစီး အဖွဲ့ဝင်များသည် ဇူလိုင် ၂၄ ရက်တွင် မယ်စဲ့မြို့၏အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာ၌ သိမ်းဆည်းရမိသည့် တရားမဝင်ကျွန်းနှင့် ပိတောက်သစ်မျိုးစုံ ၅၀ တန်ခန့်အား လွိုင်ကော်သို့ပို့ဆောင်ရန် သစ်တင်ယာဉ် ၄ စီးဖြင့် ဇူလိုင် ၂၆ ရက်တွင် ထွက်ခွာလာခဲ့ကြောင်း၊ ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီခန့် ဖားဆောင်းမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာသို့အရောက်၌ လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ရန် ခေတ္တရပ်နားနေစဉ် အရပ်ဝတ်အင်္ကျီ၊ ပျောက်ကျားဘောင်းဘီများဝတ်ဆင်ပြီး မျက်နှာဖုံးများတပ်ဆင်၍ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသည့် သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့မှ အင်အား ၁၀ ဦးခန့်ရောက်ရှိလာကာ သစ်တောဦးစီးမှူး၊ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်၍ သစ်များတင်ဆောင်ထားသည့် မော်တော်ယာဉ် ၄ စီးကို သေနတ်များဖြင့်ပစ်ခတ်ပြီး အသင့်ယူဆောင်လာသည့် ဓာတ်ဆီများဖြင့်လောင်း၍ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားသဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment