Friday, July 31, 2020

ဂမ်ဘီယာနိုင်ငံ ဒုတိယ သမ္မတတွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိ၊ သမ္မတလည်း သီးသန့်ခွဲခြားနေထိုင်

ဂမ်ဘီယာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ အီဆာတော် တော်ရေးတွင် COVID-19 ကူးစက်နေကြောင်း စစ် ဆေးတွေ့ရှိပြီးနောက်တွင် သမ္မတ အဒမ ဘားရိုးသည်လည်း သီးသန့်ခွဲခြားနေထိုင်လျှက်ရှိကြောင်း ယင်းနိုင်ငံ သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
အများပြည်သူတို့အနေဖြင့် နှာခေါင်းစည်းများကို ပုံမှန်ဝတ်ဆင်သင့်ကြောင်းနှင့် လက်ဆေးခြင်းကိုလည်း ပုံမှန်ပြုလုပ်ကြရန်လိုအပ်ပြီး၊ ခပ်ခွာခွာနေထိုင်သည့် စည်းကမ်းများကိုလည်း လိုက်နာကြရန်လိုအပ်ကြောင်းကို ယင်းသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသား ညွှန်ကြားထားသည်။ ထို့အပြင် မလိုအပ်ပဲ အိမ်ပြင်မထွက်ခြင်းဖြင့် လုံခြုံစွာနေထိုင်ကြရန်ကိုလည်း ညွှန်ကြားထားသည်။
ဂမ်ဘီယာနိုင်ငံတွင် COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၄၀၃ ဦးရှိပြီဖြစ်ကာ၊ ၈ ဦးသေဆုံးပြီး ၆၆ ဦး သက်သာပျောက်ကင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
Ref ; Popular

0 comments:

Post a Comment