Friday, July 31, 2020

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို Online တွင် ကြေညာပြီး နောက်တစ်နေ့မှ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ(၉)ရက်နေ့၊ ညသန်းခေါင်(၁၂)နာရီခွဲအချိန်မှစပြီး ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ကနေကြေညာမည်ဖြစ်ပြီး သြဂုတ်လ(၁၀)ရက်နေ့တွင် အခြေခံပညာကျောင်းများ၌ ပုံမှန်အတိုင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရပါသည်။
“ အွန်လိုင်းကနေ (၉)ရက်နေ့တွင် ကြေညာပြီးရင် (၁၀)ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများ၌ ကျောင်းသား/သူများ Social Distancing မူအရ လိုက်နာပြီး အောင်စာရင်းများကြည့်ရှုနိုင်အောင်လည်း စီမံထားကြောင်း၊ ၎င်းနေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ အခြေခံပညာကျောင်းများတွင် ကပ်ထား ကြေညာမည်ဖြစ်ကြောင်း၊ အောင်စာရင်းကပ်ထားကြေညာရာမှာ ဆရာ/မများအနေနှင့်လည်း ကြီးကြပ်ဆောင်ရွက်ရန် COVID ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၁၅၇)ခုရှိပြီး ကျောင်းသား/သူဦးရေ(၆၂၄၂၃)ဦး ဖြေဆိုခဲ့ကြောင်း သိရပါသည်။
ရှမ်းပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အင်တာနက်လိုင်းမရသောဒေသ၊ ဝေးလံခက်သောဒေသများရှိ ကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ Education Channel၊ Sky Net Education Channel တို့တွင် ထုတ်ပြန် ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment