Friday, July 31, 2020

ထိုင်းနိုင်ငံသား ၇ ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးစုစုပေါင်း ၇ ဦးတို့ကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၀၉:၃၀ နာရီခွဲအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန်ထိုင်းနိုင်ငံသား ၇ ဦးသည် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်သူများနှင့်ကျောင်းသူ/သားများဖြစ်ပြီး ကိုဗစ်-19 ကူးစက်ရောဂါတားဆီးကာကွယ်ထိန်းချုပ်ကာလအတွင်း နေရပ်သို့ပြန်ရန် ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ပြန် ထိုင်းနိုင်ငံသား ၇ ဦးကို တာချီလိတ်မြို့ လဝကဌာနခွဲ (၆)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် CNCMC ကော်မတီအဖွဲ့က ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တံတား (၂) တာဝန်ခံလဝက ရဲအရာရှိ Pathpon Onnoul ၊ ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ Priawpurin Manopeaw ဦးစီး သည့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။
>>Zawgyi<<

0 comments:

Post a Comment