Friday, July 31, 2020

သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်

သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ လိမ်လည်တိုင်တန်းခဲ့သလို လျော်ကြေး တောင်းခံခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ကြောင်း သိရသည်။
အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပုဒ်မ ၂၁၁ (နစ်နာစေရန်ရည်ရွယ် ၍ ပြစ်မှုကျူးလွန်သည်ဟု မမှန် မကန်စွပ်စွဲခြင်း) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၈၉ (ခြောက်လှန့် တောင်းယူမှုကို ကျူးလွန်ရန်တစ် ဦးတစ်ယောက်သောသူအား ပြစ် မှုတစ်ခုဖြင့်စွပ်စွဲမည်ဟု ကြောက် အောင်ပြုခြင်း) ဖြင့်ထောင်ဒဏ် ငါးနှစ်ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ် ပြီး ပြစ်ဒဏ်များကို သီးခြားစီကျခံ ရန် အမိန့်ချခဲ့ခြင်းဖြစ်သောကြောင့် စုစုပေါင်းထောင်ဒဏ် ခုနစ်နှစ်ကျခံရမည်ဖြစ်သည်။
ထို့အပြင် ယင်းအမှုတွင်ပါ ဝင်သည့် ပွဲစားအမျိုးသမီးကို လည်း ပုဒ်မ ၃၈၉ဖြင့် ထောင်ဒဏ် ငါးနှစ်ကျခံရန်အမိန့်ချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်အ တွင်းက သရုပ်ဆောင်သီဟတင် စိုး၏ အိမ်၌ အိမ်အကူအလုပ်လုပ် ကိုင်သည့်ခင်မာမြင့်က ၎င်းကိုသီ ဟတင်စိုးက အဓမ္မပြုကျင့်သည် ဟုဆိုကာ သုဝဏ္ဏမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး အိမ်အကူနှင့်ပွဲစားက လိမ်လည်တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ပြီးလေး ရက်အကြာတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအမှုကို ၂၀၁၈ ဩဂုတ်အတွင်း စတင်စစ်ဆေးခဲ့ခြင်းဖြစ် ပြီး ခင်မာမြင့်သည် ယင်းအချိန်က တည်းက အချုပ်ကျခံကာ တရား ရင်ဆိုင်ခဲ့ခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်ကျခံရမည့်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိမည် ဖြစ်သည်။

crd-7Day News Journal #Myanmar_Online_News
>>Zawgyi<<
သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်
Friday, July 31, 2020
သရုပ်ဆောင်သီဟတင် စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ လိမ်လည်တိုင်တန်းခဲ့သလို လျော်ကြေး တောင်းခံခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထား သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ကြောင်း သိရသည်။
အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပုဒ်မ ၂၁၁ (နစ်နာစေရန်ရည်ရွယ် ၍ ပြစ်မှုကျူးလွန်သည်ဟု မမှန် မကန်စွပ်စွဲခြင်း) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၈၉ (ခြောက်လှန့် တောင်းယူမှုကို ကျူးလွန်ရန်တစ် ဦးတစ်ယောက်သောသူအား ပြစ် မှုတစ်ခုဖြင့်စွပ်စွဲမည်ဟု ကြောက် အောင်ပြုခြင်း) ဖြင့်ထောင်ဒဏ် ငါးနှစ်ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ် ပြီး ပြစ်ဒဏ်များကို သီးခြားစီကျခံ ရန် အမိန့်ချခဲ့ခြင်းဖြစ်သောကြောင့် စုစုပေါင်းထောင်ဒဏ် ခုနစ်နှစ်ကျခံရမည်ဖြစ်သည်။
ထို့အပြင် ယင်းအမှုတွင်ပါ ဝင်သည့် ပွဲစားအမျိုးသမီးကို လည်း ပုဒ်မ ၃၈၉ဖြင့် ထောင်ဒဏ် ငါးနှစ်ကျခံရန်အမိန့်ချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်အ တွင်းက သရုပ်ဆောင်သီဟတင် စိုး၏ အိမ်၌ အိမ်အကူအလုပ်လုပ် ကိုင်သည့်ခင်မာမြင့်က ၎င်းကိုသီ ဟတင်စိုးက အဓမ္မပြုကျင့်သည် ဟုဆိုကာ သုဝဏ္ဏမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး အိမ်အကူနှင့်ပွဲစားက လိမ်လည်တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ပြီးလေး ရက်အကြာတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအမှုကို ၂၀၁၈ ဩဂုတ် အတွင်း စတင်စစ်ဆေးခဲ့ခြင်းဖြစ် ပြီး ခင်မာမြင့်သည် ယင်းအချိန်က တည်းက အချုပ်ကျခံကာ တရား ရင်ဆိုင်ခဲ့ခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်ကျခံရမည့်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိမည် ဖြစ် သည်။
crd-7Day News Journal #Myanmar_Online_News

0 comments:

Post a Comment