Thursday, July 30, 2020

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း သြဂုတ် ၉ ရက်တွင် အွန်လိုင်းမှ ကြေညာမည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ ရက် နံနက်တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ကြေညာမည်ဖြစ်သည်။
‘‘သြဂုတ်လ ၉ ရက် မနက်အစောကြီး ထွက်မယ်ဆိုတဲ့ အကြောင်းကြားစာ မနေ့က ရထားပါတယ်။ စာထဲမှာကတော့ ပညာရေးဝက်ဘ်ဆိုက်ကနေ ကြေညာပေးမယ်။ လူစုလူဝေး မဖြစ်ဖို့ဆို ပြီး ပြောထားတယ်’’ဟု ဒေါက်တာမျိုးထွန်းက ဇူလိုင် ၂၉ ရက် နေ့လယ်က ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ‘‘အောင်စာရင်းကို သတ်မှတ် ထားတဲ့နေ့မှာ အွန်လိုင်းနဲ့ ကြေညာလိမ့်မယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့၊ Sky Net တို့၊ မြဝတီတို့ကနေလည်း ကြေညာပါ မယ်။ အောင်စာရင်းထွက်ပြီး နောက်နေ့၊ ဒုတိယနေ့ကျမှ စာဖြေဌာနတွေမှာ ခါတိုင်းလိုပဲ စာရွက်ကပ်တာမျိုး လုပ်ပါမယ်။ မသေချာတဲ့သူတွေ နောက်နေ့ သွား ကြည့်လို့ရအောင်ပါ’’ဟု ဇူလိုင် ၂၉ ရက် နေ့လယ်က ပြော သည်။
သက်ဆိုင်ရာကျောင်းအလိုက် အောင်စာရင်းကြည့်ရှုနိုင် ရန်အတွက် အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ပြီး အောင်စာရင်းထုတ်ပြန်ရာတွင် လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားစီတန်းရေးဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အကြောင်း ကြားစာတွင် ဖော်ပြထားသည်။
Ref ; 7Day

0 comments:

Post a Comment