Friday, July 31, 2020

ပါကစ္စတန်မှာ အမှုရင်ဆိုင်နေရတဲ့ အမေရိကန်တစ်ဦး တရားရုံးအတွင်း ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ ဘာသာရေးစော်ကားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ အမှုကြားနာစစ်ဆေးနေတဲ့ တရားရုံးအတွင်း ပစ်သတ်ခံလိုက်ရကြောင်း သိရပါတယ်။
၎င်းဟာ သူ့ကိုယ်သူ တမန်တော် မိုဟာမက် ဖြစ်တယ်လို့ ပြောဆိုခဲ့ခြင်းအတွက် ဘာသာရေးစော်ကားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ စွပ်စွဲခံရသူ တာဟီရာ အာမက် နာဆင်းမ် ဟာ ၂၀၁၈ ခုနှစ် ဆယ်ကျော်သက်အရွယ်မှာ ယင်းပြစ်မှုနဲ့ တရားစွဲဆိုခံခဲ့ရသူဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၉) က ကြားနာစစ်ဆေးမှုအတွင်း ၎င်းက ပစ်သတ်ခံခဲ့ရတာဖြစ်ကာ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ အခင်းဖြစ်နေရာမှ ဗီဒီယိုတွေအရ တရားရုံးထိုင်ခုံတွေပေါ် ၎င်းခန္ဓာကိုယ် ကျသွားခဲ့တာကို တွေ့ရပါတယ်။
ပစ်သတ်ခဲ့သူကို အခင်းဖြစ်တရားရုံးမှာပဲ ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူဟာ အစ္စလာမ်ရဲ့ ရန်သူဖြစ်တယ်လို့ ၎င်းက ဒေါသတကြီး အော်ဟစ်ခဲ့တာကို ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့ရပါတယ်။
သေဆုံးခဲ့သူဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်စဉ်ကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့နဲ့ ယခုလို ရှက်ဖွယ်အဖြစ်ဆိုးမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ရအောင် ဥပဒေပြင်ဆင်ပြောင်းလဲမှုတွေလုပ်ဖို့ ပါကစ္စတန် အာဏာပိုင်တွေကို ဖိအားပေးခဲ့ကြောင်း သိရပါတယ်။
crd-AKonThi #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment