Friday, July 31, 2020

ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို ရုရှားက သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မည်

ရုရှားနိုင်ငံဟာ Covid-19 ကာကွယ်ဆေးရှာဖွေမှုမှာ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း လာမယ့် သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ဒီကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးအဖြစ် မှတ်ပုံတင်သွားမယ်လို့ ဆိုပါတယ်။
မှတ်ပုံတင်ပြီးသွားရင် ဒီဆေးဟာ ကမ္ဘာ့ကပ်ရောဂါအဖြစ်ရင်ဆိုင်နေရတဲ့ Covid-19 ရောဂါကူးစက်မှုမရှိအောင် ကာကွယ်နိုင်မဲ့ ပထမဆုံး ကာကွယ်ဆေးအဖြစ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဒီဆေးကို ထောက်ခံထားတဲ့အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။
ဒီကာကွယ်ဆေးဟာ မော်စကိုက Gamaleya Institute နဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရံပုံငွေ (RDIF) တို့ ပူးပေါင်း သုတေသနပြုဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
ရုရှားအစိုးရပိုင် သတင်းဌာန RIA Novosti news ကတော့ ဒီကာကွယ်ဆေးကို သြဂုတ်လ ၁၅-၁၆ မှာ ခွင့်ပြုမိန့်မှတ်ပုံတင်ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကာကွယ်ဆေးစမ်းသပ်စစ်ဆေးမှုနဲ့ပတ်သက်ပြီး ဘယ်လိုသော အချက်အလက်တွေကိုမှ အများပြည်သူသိအောင် ထုတ်ပြတ်ခဲ့ခြင်းမရှိသေးတာက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သံသယတော့ ရှိစေတယ်လို့ ဆိုနေကြပါတယ်။ ဒီဆေးကို စမ်းသပ်သုတေသန ပြုနေသူတွေအနေနဲ့ ကာကွယ်ဆေးဟာ အများပြည်သူအသုံးပြုဖို့အတွက် လုံခြုံစိတ်ချမှုရှိကြောင်းလည်း တိတိပပ ပြောကြားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
နောက်တစ်ပတ်ထဲမှာတော့ ဒီကာကွယ်ဆေးကို ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) တို့မှာ စမ်းသပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
crd-Myanmar Harp #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment