Thursday, July 30, 2020

သံရုံးများနှင့်ဘာသာရေးဆိုင်ရာနေရာများအပါအဝင် နေရာအများအပြားတွင် အစွန်းရောက်များ၏ တိုက် ခိုက်မှုကြုံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားဥပဒေစိုးမိုးရေးအရာရှိများကိုသတိပေး

မွတ်ဆလင်ဥပုသ်လပထမ ၁၀ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေးအရာရှိများ၊နိုင်ငံ ခြားသံရုံးများနှင့်သံတမန်များ၊ ဘာသာရေးအပြင်အဆင်များနှင့် လေဆိပ်များကို အစွန်းရောက်များက တိုက်ခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားဥပဒေစိုးမိုးရေးနှင့်ထောက်လှမ်းရေးအေဂျင်စီများကို သတိပေးထားသည်။
ဇူလိုင် ၁၉ ရက်တွင်ထုတ်ပြန်ခဲ့သည့်စာတွင် ဂျမ်မာတူ မူဂျာဟစ်ဒင်အဖွဲ့ခွဲတစ်ခုမှအသက် ၁၅ နှင့် ၃၀ ကြားရှိသည့်လူငယ်တစ်စုက မနက်ပိုင်းနှင့်ညနက်ပိုင်းတို့တွင် အသေခံတိုက်ခိုက်မှုများပြုလုပ်မည်ဟု ရဲစခန်းများကပြောသည်။
ပစ်မှတ်ဖြစ်လာနိုင်သည့်နေရာများမှာ ရဲတပ်ဖွဲ့ဝင်များနှင့် စခန်းများ၊ ယာဉ်များ၊ ဒါကာမြို့မှ အမေရိကန်၊ အိန္ဒိ ယနှင့် မြန်မာသံရုံးတို့နှင့် ဝန်ထမ်းများ၊ရှီးယိုက်ဘာသာရေး အဆောက်အဦများ၊ဝတ်ကျောင်းများနှင့် နီး ကပ် နေသည့်ဗလီများ၊ ဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘုရားများဖြစ်ကြောင်း စာတွင်ပါဝင်သည်။
အစွန်းရောက်များက သူတို့၏ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပိုင်နက်ကြေညာချင်နေကြပြီး သူတို့ကြိုးပမ်းမှုပျက်စီးစေရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဒါကာမြို့တော်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတုံ့ပြန်ရေးနှင့်နိုင်ငံဖြတ်ကျော်မှုခင်းတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဆိုင်ဖူ အစ္စလာမ်ကပြောသည်။
အိုင်အက်စ်အဖွဲ့စိုးမိုးမှုရှိနေသည့်လူငယ်များက သြဂုတ်လမတိုင်မီနှင့်သြဂုတ်လထဲတွင် တိုက်ခိုက်မှုများပြု လုပ်လာနိုင်ကြောင်းလည်း သူကသတိပေးသည်။
ကြာသပတေးနေ့တွင် ဒါကာမြို့မှပူရာနာပယ်တန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှုတုံ့ပြန်ရေးနှင့်နိုင်ငံဖြတ်ကျော်မှုခင်းတပ်ဖွဲ့မှဗုံးရှင်းလင်းရေးတပ်ဖွဲ့ အခင်းဖြစ်ရာသို့လာရောက်ပြီး သက်သေများစုဆောင်းသည်။
Ref ; People Media

0 comments:

Post a Comment