Wednesday, July 29, 2020

အစိုးရနှင့် NCA-S EAOs မှ UPDJC ကိုယ်စားလှယ်များနှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

အစိုးရနှင့် NCA-S EAOs (NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ)မှ UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) ကိုယ်စားလှယ်များနှင့် UPDJC နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲကို မနေ့က နံနက် (၁၀)နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးကိစ္စ၊ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုအခြေအနေနှင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက် နေမှုအခြေအနေများကို အစိုးရနှင့် NCA-S EAOs မှ ကိုယ်စားလှယ်များ က ရှင်းလင်းတင်ပြပြီးနောက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းပြီး အစိုးရ နှင့် NCA-S EAOs မှ ကိုယ်စား လှယ်များက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲသို့ အစိုးရအစုအဖွဲ့မှ ဦးလှမောင်ရွှေ၊ ဦးပြုံးချိုနှင့် ဦးဇော်ဌေး၊ NCA-S EAOs အစုအဖွဲ့မှ ဦးမျိုးဝင်း၊ စောမြရာဇာလင်းနှင့် နိုင်အောင်မငေး၊ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဦးမြင့်စိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ တာလှဖေ (တအာင်း (ပလောင်) အမျိုးသား ပါတီ)၊ ဦးသိန်းထွန်း (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)၊ ဦးအောင်ကြည်ညွန့် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)၊ ဒေါက်တာအောင်မြတ်ဦး (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဦးသာထွန်းလှ (ရခိုင်အမျိုးသားပါတီ)၊ ဦးခွန်ထွန်းရွှေ (ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ)၊ ဦးလီပေါ်ရဲ (လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ)၊ ဒေါ်ဒွဲဘူ (ကချင်ပြည်နယ်ပြည်သူ့ပါတီ)၊ နိုင်တလညီ(မွန်ညီညွတ်ရေးပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ)၊ ဦးစောထွန်းအောင်မြင့်(ကရင်ပြည်သူ့ပါတီ)၊ ဦးညီ ပလုပ် (‘ဝ’အမျိုးသားပါတီ)၊ စိုင်းနိုင်နိုင်ထွေး (ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းဌေးအောင် (တိုင်းလိုင်(ရှမ်းနီ)အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဒေါ်အေးသီတာမြင့် (လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဦးစိုင်းအောင်မြင့်ခိုင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)၊ ဆလိုင်းဂျင်မီရီဇာဘွေး (ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)နှင့် ဦးထွန်းအောင် (အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Source - http://www.nrpc.gov.mm/…/aciurnng-nca-s-eaos-m-updjc-kiuyca…

0 comments:

Post a Comment