Friday, July 31, 2020

စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းအား ထိုင်း - မြန်မာနယ်စပ် မုန်းဖန်မြို့မှ သယ်ဆောင်ခ ဘတ်‌ ၂ သိန်းဖြင့် သယ်ဆောင်လာသောသူအား ဖမ်းဆီး

ဇူလိုင်လ ၃၀ ရက်နေ့မနက် ၀၃:၀၀ ချိန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချိုင်းပရကန်းမြို့နယ် ဖာဖုန်းစစ်ဆေးရေးဂိတ်သို့ဖြတ်သန်းမောင်းနှင်လာသည့်ယာဉ်တစ်စီးအား ဖာမိန်းစစ်ကြောင်းမှတာဝန်ရှိတပ်ဖွဲ့ဝင်များမှရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင်ပလတ်စတစ်အိပ်အကျား ၄၀ ထုပ်ဖြင့်တင်ဆောင်လာသည့်စိတ်ကြွရူးသွပ်ဆေးပြား ၉၉၉ တံဆိပ်အမှတ်အသားပါ အလုံးပေါင်း ၄၀၀၀၀၀၀ အားယာဉ်မောင်းနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။
အသက် ၂၄ နှစ်အရွယ် ယာဉ်မောင်း နိုင်ထုတ်စဖွန်း ဆဲလို ၏ထွက်ဆိုချက်အရအဆိုမူးယစ်ဆေးပြားများကို ထိုင်း - မြန်မာနယ်စပ် မုန်းဖန်မြို့မှာ သယ်ဆောင်ခ ထိုင်းဘတ်ငွေ ၂ သိန်းဖြင့်သယ်ဆောင်လာတာဖြစ်ကြောင်းနှင့် ချင်းမိုင်မြို့အထိပို့ဆောင်ရမှာဖြစ်ကြောင်း ၎င်း၏ ပြောပြချက်အရသိရှိရပြီး ဆပ်စပ်တရားခံများဖမ်းဆီးဖော်ထုတ်ရရှိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြာင်း သိရသည် ။
crd-SiThuMaung #Myanmar_Online_News
>>Zawgyi<<
စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းအား ထိုင်း - မြန်မာနယ်စပ် မုန်းဖန်မြို့မှ သယ်ဆောင်ခ ဘတ်‌ ၂ သိန်းဖြင့် သယ်ဆောင်လာသောသူအား ဖမ်းဆီး
Friday, July 31, 2020
ဇူလိုင်လ ၃၀ ရက်နေ့မနက် ၀၃:၀၀ ချိန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချိုင်းပရကန်းမြို့နယ် ဖာဖုန်းစစ်ဆေးရေးဂိတ်သို့ဖြတ်သန်းမောင်းနှင်လာသည့်ယာဉ်တစ်စီးအား ဖာမိန်းစစ်ကြောင်းမှတာဝန်ရှိတပ်ဖွဲ့ဝင်များမှရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင်ပလတ်စတစ်အိပ်အကျား ၄၀ ထုပ်ဖြင့်တင်ဆောင်လာသည့်စိတ်ကြွရူးသွပ်ဆေးပြား ၉၉၉ တံဆိပ်အမှတ်အသားပါ အလုံးပေါင်း ၄၀၀၀၀၀၀ အားယာဉ်မောင်းနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။
အသက် ၂၄ နှစ်အရွယ် ယာဉ်မောင်း နိုင်ထုတ်စဖွန်း ဆဲလို ၏ထွက်ဆိုချက်အရအဆိုမူးယစ်ဆေးပြားများကို ထိုင်း - မြန်မာနယ်စပ် မုန်းဖန်မြို့မှာ သယ်ဆောင်ခ ထိုင်းဘတ်ငွေ ၂ သိန်းဖြင့်သယ်ဆောင်လာတာဖြစ်ကြောင်းနှင့် ချင်းမိုင်မြို့အထိပို့ဆောင်ရမှာဖြစ်ကြောင်း၎င်း၏ပြောပြချက်အရသိရှိရပြီး ဆပ်စပ်တရားခံများဖမ်းဆီးဖော်ထုတ်ရရှိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြာင်း သိရသည် ။
crd-SiThuMaung #Myanmar_Online_News

0 comments:

Post a Comment