Thursday, July 30, 2020

ဗီယက်နမ်ရဲ့ ပြည်နယ်တိုင်း၊ မြို့တိုင်း COVID-19 ကူးစက်မှုအန္တရယ်ရှိနေကြောင်း ဝန်ကြီးချုပ် ပြောကြား

လနဲ့ချီကြာတဲ့အထိ COVID-19 ကူးစက်မှု ကင်းစင်နေခဲ့တဲ့ ဗီယက်နမ်မှာ နောက်ထပ် ကူးစက်မှုလှိုင်းကို ရင်ဆိုင်ရန်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်ချက်အရ ဒါနန်းမြို့နဲ့ ဆက်နွယ်နေတဲ့ ကူးစက်ခံရသူအသစ် နောက်ထပ်ကိုးဦး တိုးလာခဲ့ပါတယ်။ ဗီယက်နမ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၅၉ ဦး စစ်ဆေးအတည်ပြုထားပြီး သေဆုံးသူ မရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုအသစ်တွေဟာ ဗီယက်နမ်ရဲ့ မြို့နဲ့ပြည်နယ် ခြောက်ခုမှာ ခြောက်ရက်အတွင်း ပျံ့နှံ့ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ ကူးစက်မှုအခြေအနေဟာ မတ်လအတွင်း ဗီယက်နမ်မှာ ကြုံခဲ့ရတဲ့ ကူးစက်မှုဒုတိယလှိုင်းနဲ့ မတူဘဲ နိုင်ငံရဲ့ ပြည်နယ်တိုင်း၊ မြို့တိုင်းဟာ ကူးစက်မှုအန္တရာယ်ရှိတယ်လို့ ဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြောင်း Vietnam Television (VTV) သတင်းဌာနက ဖော်ပြပါတယ်။ ဗီယက်နမ်မှာ သုံးလကျော်အတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က ဒါနန်းမြို့မှာ ကူးစက်ခံရသူ ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဗီယက်နမ်မှာ COVID-19 စတင်တွေ့ရှိရာ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေပေမဲ့လည်း ကူးစက်မှုထိန်းချုပ်ရေး အသွားအလာကန့်သတ် နေထိုင်စေခြင်းနဲ့ ထိတွေ့မှုရှာဖွေ ဖော်ထုတ်ရေး အပြင်းအထန် ဆောင်ရွက်မှုတွေကြောင့် လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၅၀ ဖြင့် ထိန်းထားနိုင်ခဲ့ပါတယ်။ ယခုလက်ရှိမှာလည်း လူဦးရေ ၈၁,၀၀၀ ကျော်ကို အသွားအလာကန့်သတ်ထားရှိကြောင်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment