Thursday, July 30, 2020

ဟင်္သာတမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ်များပြောင်းရွှေ့

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုတဲ့အတွက် တစ်လအတွင်း လူနေအိမ် ၇၀ ကျော် ရွှေ့ပြောင်းနေကြရပါတယ်။
အိပ်ပျက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က “အခု လက်ရှိ ကမ်းပါးပြိုကျတာ ပိုဆိုးလာတဲ့အတွက် နေ့တိုင်းဆိုသလို နေအိမ်တွေ ဖျက်ကာရွှေ့ပြောင်းနေကျရတယ်”လို့ ပြောပါတယ်။
ဖောင်ဆိပ်နဲ့ ငှက်ပျောတော တာငုတ်‌ကျေးရွာအနီးမှာ မြစ်ကမ်းပါးတွေပြိုကျနေတာဖြစ်ပြီး လူနေအိမ်တွေရွှေ့ပြောင်း နေရတဲ့အပေါ်မှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနကအိမ် ၁၇ လုံးစာအတွက် အိမ်ထောင် စုတစုကို ကျပ် တစ်သိန်းနဲ့ လူတစ်ဦးကို သီတင်းတပတ်စာ ကျပ် ၂၁၀၀ ပေးအပ်ခဲ့ပါတယ်။
ဇူလိုင် ၂၈ နေ့မှာတော့ နောက်တကြိမ် အိမ်ထောင်စု ၂၈ ခုအတွက် ထမင်းဖိုးနဲ့ ထောက်ပံ့ငွေ ကျပ် သိန်း ၃၀ ကျော်ကို ထပ်မံပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Ref ; DVB

0 comments:

Post a Comment