Thursday, July 30, 2020

တရုတ်နယ်စပ်တစ်လျောက် အိန္ဒိယမှ တပ်မတော်အင်အား ၃၅၀၀၀ ဖြန့်ကြက်မည်

အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ စောလျင်စွာ ဖြေရှင်းရေးဖြစ်နိုင်စွမ်းမှာ မှေးမှိန်လာခြင်းကြောင့် တရုတ်နှင့်ထိစပ်နေသည့် အငြင်းပွား ဟိမဝန္တာနယ်စပ်တစ်လျောက် နောက်ထပ် တပ်ဖွဲ့ဝင် ၃၅၀၀၀ စေလွှတ်ရန် အိန္ဒိယနိုင်ငံက ပြင်ဆင်လျက်ရှိသည်။
ယခုအစီအစဉ်ကြောင့် ကီလိုမီတာ ၃၄၈၈ ရှိသော အငြင်းပွားနယ်စပ်တစ်လျောက် ပိုနေမြဲကျားနေမြဲ အ ခြေအနေကို ပြောင်းလဲစေမည်ဟု အမည်မဖော်လိုသည့် အိန္ဒိယ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇွန်လ ၁၅ ရက်တွင် အကျည်းတန်သော ရန်ပွဲတစ်ခုအတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးနှင့် အရေအတွက် အတိ အကျမသိရသော တရုတ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။
ထို့နောက်ပိုင်း နှစ်နိုင်ငံစလုံးက နယ်စပ်တစ်လျောက် တပ်ဖွဲ့ဝင်များ၊ အမြောက်ကြီးများ၊ တင့်ကားများ ဖြန့်ကြက်ခဲ့သည်။
အမြင့်ဆုံး နိုင်ငံရေးအဆင့်တွင် ပြန်လည်သင့်မြတ်မှုမရှိလျင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်လင့်ကစား အခြေ အနေ ထူးခြားမည်မဟုတ်ကြောင်း အငြိမ်းစား ဗိုလ်ချုပ်နှင့် ဒေလီအခြေစိုက် The United Service Institution of India ၏ ညွှန်ကြားရေးမှူး ဘီကေရှာမာက ပြောသည်။
ယခုအခါ ရန်ပွဲများ ရပ်တန့်သွားပြီဖြစ်သလို အဆင့်ဆင့်သော စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ပြီး နောက် ဒေသအများစုမှ တပ်ဖွဲ့များဆုတ်ခွာခဲ့ကြောင်း တရုတ်နိုင်ငံက ပြောသည်။
အိန္ဒိယတပ်မတော်က အရှည် ၇၄၂ ကီလိုမီတာရှိသော ပါကစ္စတန်နယ်စပ်တစ်လျောက် တန်ပြန်အကြမ်း ဖက်မှုစစ်ဆင်ရေးများ လုပ်ဆောင်နေသလို တရုတ်နယ်စပ်တစ်လျောက် တင်းမာမှုများဖြစ်ပွားနေချိန် ယခုကဲ့သို့ တပ်ဖွဲ့များစေလွှတ်ရန် စီစဉ်ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ယမန်နေ့က ပြင်သစ်နိုင်ငံထံမှ ရာဖေးလ်ဂျက်တိုက်လေယာဉ်ငါးစင်း လက်ခံရရှိခဲ့ရာ တိုင်း ပြည်အပေါ် ခြိမ်းခြောက်လာသည့် အန္တရာယ်များကို တုံ့ပြန်နိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်း က တရုတ်နိုင်ငံကရည်ညွှန်း၍ သတိပေးလိုက်သည်။
အိန္ဒိယတပ်မတော်က ကမ္ဘာပေါ်တွင် တတိယမြောက် အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ် ပြီး လေတပ်၊ ရေတပ်နှင့် ကြည်းတပ်တို့ကို ခေတ်မီလက်နက်များဖြင့် တပ်ဆင်ပေးထားသည်။
ကာကွယ်ရေးအသုံးစရိတ်၏ ၆၀ ရာခိုင်နှုန်းကို တပ်ဖွဲ့ဝင်အင်အား ၁ ဒသမ ၃ သန်းကျော်ရှိသော အိန္ဒိယ တပ် မတော်သားများအတွက် လစာပေးချေရန် သုံးစွဲရသည်။
Ref ; Myitphyar Irra

0 comments:

Post a Comment