Wednesday, July 29, 2020

နိုင်ငံ့ဝန်ထမ်းများအတွက် အစိုးရနှင့်ဝန်ထမ်း အချိုးကျထည့်ဝင်ကြေးဖြင့် စီမံခန့်ခွဲမည့် လက်ရှိပင်စင်လစာထက် ပိုမိုရရှိနိုင်မည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်း

နိုင်ငံ့ဝန်ထမ်းများပင်စင်ယူချိန်တွင် လက်ရှိပင်စင်လစာထက်ပိုမိုရရှိနိုင်မည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ယမန်နေ့ (ဇူလိုင် ၂၈ ရက်) တွင် စတင်တင်သွင်းသည်။
အဆိုပါဥပဒေကြမ်းအရ နိုင် ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပင်စင်အမျိုးအစားအားလုံး ရယူခံစားခွင့်ရှိမည်ဖြစ်ပြီး လက်ရှိ ခံစားရရှိသော လုပ်သက်ဆုငွေနှင့် လစဉ်ပင်စင်များထက် ပိုမိုသာ လွန်နိုင်သော ခံစားခွင့်များရရှိနိုင် မည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ရှင်းလင်းသည်။
‘‘နိုင်ငံတော်ထည့်ဝင်ကြေးရာခိုင်နှုန်းနဲ့ ဝန်ထမ်းထည့်ဝင် ကြေးရာခိုင်နှုန်းတို့ကို ပြည် ထောင်စုအစိုးရအဖွဲ့ရဲ့ သဘော တူခွင့်ပြုချက်ဖြင့် သတ်မှတ်ရမှာ ဖြစ်ပြီးတော့ လိုအပ်ပါက ပြင် ဆင်သတ်မှတ်နိုင်ပါတယ်။ ဒါ ရိုက်တာအဖွဲ့မှာ အစိုးရကိုယ်စား လှယ်၊ ဝန်ထမ်းကိုယ်စားလှယ်၊ ပြင်ပပညာရှင်တို့ဖြင့် အချိုးကျ ဖွဲ့စည်းမှာဖြစ်ပါတယ်’’ ဟု ၎င်း က ဆက်လက်ပြောသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအတွက် အစိုးရက မတည် ငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ သတ်မှတ်လျာထားပြီး အစိုးရနှင့် ဝန်ထမ်းက မူရင်းလစာ၏ ၅ ရာ ခိုင်နှုန်းကို ထည့်ဝင်ရမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥပ ဒေကြမ်းကော်မတီဝင် ဦးနေမျိုး ထွန်းက ရှင်းပြသည်။
‘‘ဝန်ထမ်းလုပ်သက် ၁၀ နှစ် အထက်တွေက လက်ရှိပင်စင် ဥပဒေနဲ့ပဲသွားမှာပေါ့နော်။ လုပ် သက် ၁၀ နှစ်အောက်ရယ်၊ ဒီ ဥပဒေပြဋ္ဌာန်းပြီး အလုပ်ဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေရယ်က လော လောဆယ် လျာထားချက် ၅ ရာ ခိုင်နှုန်းထည့်ဝင်ရမယ်။ အစိုးရ ကလည်း အဲဒီလိုထည့်ဝင်မယ်။ ဒါပေမဲ့ သူတို့ ပင်စင်ယူရင် လက် ရှိပင်စင်ထက် လေး၊ ငါး၊ ခြောက် ဆလောက်ကိုရမှာ’’ ဟု ၎င်းက ဆိုသည်။
ပင်စင်စနစ်သစ်ဖြစ်သည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်တွင် ဥပဒေအသက်ဝင်ပြီး နောက် စတင်ခန့်အပ်သည့် ဝန်ထမ်းသစ်အားလုံး ပါဝင်မည်ဖြစ်ပြီး ဥပဒေအသက်ဝင်ချိန်တွင် ပင်စင်အကျိုးခံစားခွင့်မရှိသေးသည့် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းအားလုံးကို မဝင်မနေရ စနစ်ဖြင့် ပါဝင်စေမည်ဖြစ်သည်။
‘‘အသွင်ကူးပြောင်းတဲ့ကာ လအတွင်းမှာ စနစ်ဟောင်းနဲ့ စနစ်သစ် တစ်ပြိုင်တည်း (Parallel) ဆောင်ရွက်သွားပြီး တော့ တဖြည်းဖြည်း စနစ်ဟောင်း နေရာမှာ စနစ်သစ်က အစားထိုး ဝင်ရောက်နေရာယူဆောင်ရွက်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်’’ ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ပြောသည်။
နိုင်ငံ့ဝန်ထမ်းပင်စင်စနစ်ကို နိုင်ငံတော်မှ အလုံးစုံတာဝန်ယူ ကျခံသည့်စနစ်အစား ရန်ပုံငွေကိုအခြေခံ၍ခံစားခွင့်ပြုသည့်စနစ်သို့ပြောင်းလဲနိုင်ရေးအတွက် အ ဆိုပါဥပဒေကြမ်းကို ရေးဆွဲတင် သွင်းခြင်းဖြစ်သည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ပင်စင်စားဦးရေ ကိုးသိန်း ကျော်ရှိပြီး ယင်းနှစ်တွင် ပင်စင် လစာနှင့် ဆုကြေး ကျပ်ဘီလီယံ ၁,၁၁၆ ကျော် အသုံးပြုခဲ့ရ ကြောင်းနှင့် ယင်းအသုံးစရိတ် သည် စုစုပေါင်းနိုင်ငံ့အသုံးစရိတ် ၏ ၄ ရာခိုင်နှုန်း၊ အခွန်အကောက် ရငွေ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိ ကြောင်း အထက်ပါဒုဝန်ကြီးက ရှင်းလင်းသည်။
ပင်စင်စားဦးရေသည် နှစ်စဉ်တိုးတက်နေသည့်အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေပြဋ္ဌာန်းခြင်းဖြင့် နိုင်ငံတော်၏ဘတ်ဂျက်လိုငွေပြမှုကို သက်သာစေနိုင်ခြင်း၊ ဝန်ထမ်းများ၏ ဘဝနောင်ရေးအတွက် စိတ်အေးရစေရန် အထောက်အပံ့ဖြစ်စေ ခြင်း စသည့် အကျိုးရလဒ်များရှိ ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစီမံခန့်ခွဲရန် ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ဒါရိုက်တာအ ဖွဲ့ဥက္ကဋ္ဌကို ဒုတိယဝန်ကြီးအဆင့်သတ်မှတ်ကာ ယင်းအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်၊ ဝန်ထမ်း ကိုယ်စားလှယ်နှင့် ပြင်ပပညာရှင်များနှင့် အချိုးကျဖွဲ့စည်းမည်ဟု ဥပဒေကြမ်း၌ဖော်ပြသည်။
ယင်းဥပဒေကြမ်းတွင် အခန်း ၁၄ ခန်း၊ ပုဒ်မ ၇၀ ခုပါဝင်ပြီး ပြင်ဆင်ချက်အဆိုတင်သွင်းဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇူလိုင် ၃၀ ရက်နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာ သည်။
Crd : 7Day

0 comments:

Post a Comment