Friday, July 31, 2020

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်လိုလားသူများက အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများအပေါ် တန်ပြန် ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြိ့တော်မှာ ဘုရင်စနစ်လိုလားသူတွေက အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုအပေါ် စိုးရိမ်မှုကို ပြတဲ့အနေ့နဲ့ တန်ပြန် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေထဲမှာ ကောလိပ်ကျောင်းသားအရွယ် လူငယ်တစ်ဒါဇင်လောက်ပါဝင်တာကိုတွေ့ရပြီး ဆန္ဒပြပွဲစီစဉ်သူတွေက အတိုက်အခံတွေဘက်ကလုပ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတိုင်းကိုပြန်ပြီးတန်ပြန်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်တွေတုန်းက အဲဒီဒီမိုကရေစီအထိမ်းအမှတ်နေရာမှာ ထိုင်းကျောင်းသားတွေက ရွေးကောက်ပွဲသစ်တစ်ရပ်ကျင်းပပေးဖို့ ၊ အာဏာသိမ်းစစ်အစိုးရကစိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကိုပြင်ဆင်ဖို့ နဲ့ အစိုးရကိုဝေဖန်သူတွေကို နှောင့်ယှက်ခြိမ်းခြောက်နေတာတွေကိုရပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲအများစုဟာလက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအစိုးရကိုအဓိကဆန့်ကျင်ဆန္ဒပြကြတာဖြစ်ပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲဝါဒီတွေကတော့ အဲဒီအစိုးရဆန့်ကျင်ရေးဆန္ဒပြသမားတွေထဲမှာဘုရင်စနစ်ဆန့်ကျင်ရေးရည်ရွယ်ချက်တွေရှိနေတယ်လို့ သံသယနဲ့ ရှမြင်ကြပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment