Thursday, July 30, 2020

NATO အဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများပြီးနောက် ရုရှားနိုင်ငံသည် ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်

ပင်လယ်နက်အတွင်း အမေရိကန်နိုင်ငံမှဦးဆောင်သောစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်မကြာမီတွင် ရုရှားမှ စစ်သ‌ေင်္ဘာများဖြင့် ပင်လယ်နက်အတွင်း အကြီးစားစစ်ရေးလေ့ကျင့်မှုများစတင်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနမှ ဇူလိုင်လ ၂၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။
စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များတင်ဆောင်ထားသော ဖရီးဂိတ်စစ်သ‌ေင်္ဘာ တစ်စင်း၊ အသေးစားဒုံးကျဉ်တင်သ‌ေင်္ဘာများနှင့် အကြီးစားကမ်းတက်သ‌ေင်္ဘာများ အပါအဝင်ရုရှားပင်လယ်နက်ရေယာဉ်စုမှသ‌ေင်္ဘာအစင်း ၂၀ ကျော်တို့သည် စစ်ရေး လေကျင့်မှုတွင်ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှပြောကြားခဲ့ပါသည်။
အဆိုပါတပ်ဖွဲ့များသည် ရေတပ်တိုက်ပွဲဆိုင်ရာလေ့ကျင့်ခန်းများ၊ လေယာဉ် တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာအဖျက်အမှောင့်လုပ်ငန်းများကို တိုက်ဖျက်ခြင်း စသည့်လေ့ကျင့်ခန်းများကို လေ့ကျင့်သွားမည်ဖြစ်ပါသည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် ပင်လယ်နက်အတွင်း အမေရိကန် - ယူကရိန်း ၂၀၂၀ Sea Breeze ရေတပ်လေ့ ကျင့်ခန်း ပြီးဆုံးသွားပြီးနောက်မကြာမီတွင် ရုရှားနိုင်ငံမှ စစ်ရေးလေ့ကျင့်ခန်းများစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါရက်သတ္တပတ်ကြာစစ်ရေးလေ့ကျင့်ခန်းတွင် ယူကရိန်း၊ အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဂျော်ဂျီယာ၊ စပိန်၊ နော်ဝေး၊ ရိုမေးနီးယားနှင့် တူရကီ စသော နိုင်ငံပေါင်း ၈ နိုင်ငံမှ လေယာဉ်များ၊ သင်္ဘာအစင်း ၂၀ကျော် နှင့် ကြည်း၊ ရေ၊ လေ တပ်သားပေါင်း ၂,၀၀၀ ကျော်တို့ ပါဝင်ခဲ့ကြပါသည်။
မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO)၏ ငြိမ်းချမ်းရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသအ ဖြစ် နှစ်စဉ်လေ့ကျင့်ခန်းများကို ၁၉၉၇ ခုနှစ်မှစ၍ ယူကရိန်း နိုင်ငံတွင် ပြုလုပ်လေ့ကျင့်ခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment