Thursday, July 30, 2020

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၃)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်တွေ့ဆုံမှုအား Video Conference ဖြင့် ပြုလုပ်

မြန်မာ-တရုတ်နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှုလေးနက်စေရန်အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ (၉၃)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်တွေ့ဆုံမှုအားဇူလိုင်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် Video Conference ဖြင့်ပြုလုပ်ကြသည်။
အဆိုပါ Video Conference သို့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ၊ တရုတ် စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
Video Conference တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏(၉၃)နှစ်မြောက် တပ်မတော်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံအိမ်နီးချင်းနိုင်ငံကောင်းများဖြစ်သည့်အပြင် တပ်မတော်နှစ်ရပ်ကြားအပြန်အလှန်နားလည်ယုံကြည်မှုများဖြင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ခိုင်မာစွာတည် ဆောက်နိုင်မှု အခြေအနေများ၊ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးရှိသော နိုင်ငံများဖြစ်ပြီး တပ်မတော်နှစ်ရပ်အကြား ဆက် ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အထူးအရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန်ထောက်ပံ့လှူဒါန်းခဲ့မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေး နွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံစစ်ဘက်၊ အရပ်ဘက် သံတမန်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက် မှုမှတ်တမ်း Video ကို ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment