Friday, July 31, 2020

အွန်လိုင်းသတင်းမီဒီယာ အယ်ဒီတာချုပ်မှာ တရားမဝင် ကြွယ်ဝကြောင်း တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို

အွန်လိုင်းသတင်းမီဒီယာတစ်စောင်ဖြစ်သော bdnews24 ၏ အယ်ဒီတာချုပ်ဖြစ်သူ သိုဖီးမော်ဆီခါလစ်မှာ ဝင်ငွေရင်းမြစ်ကို ကျော်လွန်၍ စည်းစိမ်ဥစ္စာများ လက်ဝယ်တွေ့ရှိမှုဖြင့် ဘင်္ဂလားဒက်ရှ် အဂတိလိုက်စားမှုဥပဒေအရ တရားစွဲဆိုခြင်းခံရသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
ကြသပတေးနေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မသမာမှုစောင့်ကြည့်ရေးအဖွဲ့ ( ၁ ) လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုရာ၌ ပြည်တွင်းအခြေစိုက်နိုင်ငြံခားဘဏ်ခွဲကြီးများ အပါအဝင် ဘဏ် ၄-ခုရှိ ခါလစ်ဖွင့်လှစ်ထားသော ငွေစာရင်းများတွင် တရားဝင် ရလမ်း ဖော်ပြနိုင်ခြင်းမရှိသော တာကာငွေ စုစုပေါင်းမှာ ၄.၂-သန်းရှိနေကြောင်း၊
အွန်လိုင်းသတင်းမီဒီယာအယ်ဒီတာချုပ်သည် တရားဝင်ပိုင်ဆိုင်ကြောင်း ပြသရန်အတွက် စာရွက်စာတမ်းအတုများကို ဖန်တီးခြင်းဖြင့် လိမ်လည်သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ၂၀၀၄-ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေ ပုဒ်မ ၂၇ ( ၁ ) ကို ကျူးလွန်ရာ ရောက်ကြောင်း ဖော်ပြထားသည်ဆို၏။
ခါလစ်သည် ပိုင်ဆိုင်ကြောင်း ပြသရာတွင် ရှေ့နောက်မညီ မဆီလျှော်သည်ကို တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုသို့ လာရောက်ပူးပေါင်းရန်၊ ခါလစ်ကိုယ်တိုင်နှင့်“ bdnews24” ၏ တည်နေရာကို ဖျောက်ထားခြင်းအားဖြင့်“ ငွေအမြောက်အများကို လွှဲပြောင်းခြင်း”မှာ ပိုင်ဆိုင်မှုကို တရားမဝင်/မမှန်ကန်သောနည်းလမ်းဖြင့် ရည်ညွှန်းခြင်း မဟုတ်ကြောင်းရှင်းလင်းရန် နိုဝင်ဘာ ၅-ရက် ၂၀၁၉တွင် ဆင့်ခေါ်ခြင်းခံခဲ့ရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကော်မရှင်သည် ဒါကာဌာနချုပ်၌ ခါလစ်အား ၅-နာရီနီးပါး စစ်မေးခဲ့သော်လည်း စွပ်စွဲချက်များ မှန်ကန်ခြင်း မရှိကြောင်း ခါလစ်က ငြင်းဆိုခဲ့သည်။ ကော်မရှင်သည် ခါလစ်၏ အမှု့နှင့် ပတ်သက် ၍ နယူးယောက်အခြေစိုက် LR Manager Investments နှင့် အကျိုးတူပူးပေါင်းထားသော ဘင်္ဂလားဒက်ရှ် LR Global ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။
အောက်တိုဘာလ ၂၀၁၉ ခုနှစ်တွင် စတော့ရှယ်ယာစျေးကွက်ထိန်းညှိရေး မန်နေဂျာက bdnews24 ၏ စာရွက်စာတမ်းများအကဲဖြတ်ရန်လိုအပ်သည့်အတွက် မီဒီယာ၏ ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းခဲ့သည့်။ သက်ဆိုင်သူအားလုံးတို့အနေဖြင့် စည်းမျဉ်းစည်ကမ်းများနှင့် ကိုက်ညီမှု ရှိ-မရှိစစ်ဆေးပြီးစီးသည့်တိုင် ရင်းနှီးမြှုပ်နှံခြင်းမှရေှာင်ရှားရန် သတင်းထုတ်ပြန်ခဲ့သည်။
LR Global သည် bdnews24 ၏ တာကာငွေ ၅-သန်းတန် အစုရှယ်ယာများအား ဝယ်ယူခဲ့သည်ကို ဘင်္ဂလား ဒက်ရှ် Securities and Exchange Commission က တွေ့ရှိကြောင်း၊ bdnews24 သည် အရင်းအနှီးဈေးကွက်တွင် စာရင်းမဝင်ကြောင်း သတင်းများ ထွက်ပေါ်သည်။
crd-Oung Marine #Myanmar_Online_News
>>Zawgyi<<
အွန်လိုင်းသတင်းမီဒီယာ အယ်ဒီတာချုပ်မှာ တရားမဝင် ကြွယ်ဝကြောင်း တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို
Friday, July 31, 2020
အွန်လိုင်းသတင်းမီဒီယာတစ်စောင်ဖြစ်သော bdnews24 ၏ အယ်ဒီတာချုပ်ဖြစ်သူ သိုဖီးမော်ဆီခါလစ်မှာ ဝင်ငွေရင်းမြစ်ကို ကျော်လွန်၍ စည်းစိမ်ဥစ္စာများ လက်ဝယ်တွေ့ရှိမှုဖြင့် ဘင်္ဂလားဒက်ရှ် အဂတိလိုက်စားမှုဥပဒေအရ တရားစွဲဆိုခြင်းခံရသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
ကြသပတေးနေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မသမာမှုစောင့်ကြည့်ရေးအဖွဲ့ ( ၁ ) လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုရာ၌ ပြည်တွင်းအခြေစိုက်နိုင်ငြံခားဘဏ်ခွဲကြီးများ အပါအဝင် ဘဏ် ၄-ခုရှိ ခါလစ်ဖွင့်လှစ်ထားသော ငွေစာရင်းများတွင် တရားဝင် ရလမ်း ဖော်ပြနိုင်ခြင်းမရှိသော တာကာငွေ စုစုပေါင်းမှာ ၄.၂-သန်းရှိနေကြောင်း၊
အွန်လိုင်းသတင်းမီဒီယာအယ်ဒီတာချုပ်သည် တရားဝင်ပိုင်ဆိုင်ကြောင်း ပြသရန်အတွက် စာရွက်စာတမ်းအတုများကို ဖန်တီးခြင်းဖြင့် လိမ်လည်သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ၂၀၀၄-ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေ ပုဒ်မ ၂၇ ( ၁ ) ကို ကျူးလွန်ရာ ရောက်ကြောင်း ဖော်ပြထားသည်ဆို၏။
ခါလစ်သည် ပိုင်ဆိုင်ကြောင်း ပြသရာတွင် ရှေ့နောက်မညီ မဆီလျှော်သည်ကို တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုသို့ လာရောက်ပူးပေါင်းရန်၊ ခါလစ်ကိုယ်တိုင်နှင့်“ bdnews24” ၏ တည်နေရာကို ဖျောက်ထားခြင်းအားဖြင့်“ ငွေအမြောက်အများကို လွှဲပြောင်းခြင်း”မှာ ပိုင်ဆိုင်မှုကို တရားမဝင်/မမှန်ကန်သောနည်းလမ်းဖြင့် ရည်ညွှန်းခြင်း မဟုတ်ကြောင်းရှင်းလင်းရန် နိုဝင်ဘာ ၅-ရက် ၂၀၁၉တွင် ဆင့်ခေါ်ခြင်းခံခဲ့ရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကော်မရှင်သည် ဒါကာဌာနချုပ်၌ ခါလစ်အား ၅-နာရီနီးပါး စစ်မေးခဲ့သော်လည်း စွပ်စွဲချက်များ မှန်ကန်ခြင်း မရှိကြောင်း ခါလစ်က ငြင်းဆိုခဲ့သည်။ ကော်မရှင်သည် ခါလစ်၏ အမှု့နှင့် ပတ်သက် ၍ နယူးယောက်အခြေစိုက် LR Manager Investments နှင့် အကျိုးတူပူးပေါင်းထားသော ဘင်္ဂလားဒက်ရှ် LR Global ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။
အောက်တိုဘာလ ၂၀၁၉ ခုနှစ်တွင် စတော့ရှယ်ယာစျေးကွက်ထိန်းညှိရေး မန်နေဂျာက bdnews24 ၏ စာရွက်စာတမ်းများအကဲဖြတ်ရန်လိုအပ်သည့်အတွက် မီဒီယာ၏ ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းခဲ့သည့်။ သက်ဆိုင်သူအားလုံးတို့အနေဖြင့် စည်းမျဉ်းစည်ကမ်းများနှင့် ကိုက်ညီမှု ရှိ-မရှိစစ်ဆေးပြီးစီးသည့်တိုင် ရင်းနှီးမြှုပ်နှံခြင်းမှရှောင်ရှားရန် သတင်းထုတ်ပြန်ခဲ့သည်။
LR Global သည် bdnews24 ၏ တာကာငွေ ၅-သန်းတန် အစုရှယ်ယာများအား ဝယ်ယူခဲ့သည်ကို ဘင်္ဂလား ဒက်ရှ် Securities and Exchange Commission က တွေ့ရှိကြောင်း၊ bdnews24 သည် အရင်းအနှီးဈေးကွက်တွင် စာရင်းမဝင်ကြောင်း သတင်းများ ထွက်ပေါ်သည်။
crd-Oung Marine #Myanmar_Online_News

0 comments:

Post a Comment