Wednesday, July 29, 2020

ဟိုင်းကြီးကျွန်းမြို့အနီးတွင် ငါးဖမ်းရေယာဉ်တစ်စီး လှိုင်းလေပြင်း၍ပင်လယ်ပြင်၌ နစ်မြုပ်မှုကြောင့် ရေလုပ်သားတစ်ဦးပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး သမီးလှကျွန်း၏ အရှေ့ဘက် ထိပ်စွန်း၏ အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ယခုလ ၂၈ရက်နေ့ ညနေ ၄နာရီခန့်အချိန်က ငါးဖမ်းရေယာဉ်တစ်စီး လှိုင်းလေပြင်း၍ ရေဝင်ကာတိမ်းစောင်းနစ်မြုပ်သွားခဲ့ပြီး ရေလုပ်သားတစ်ဦးပျောက်ဆုံးနေကြောင်းသိရှိရသည်။
နစ်မြုပ်ငါးဖမ်းရေယာဉ်မှာ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးတင်မိုးပိုင်ဆိုင်သော ဆိုင်းရာအောင်(၆)အမည်ရှိ ငါးဖမ်းရေယာဉ်ဖြစ်ပြီး လှေဦးစီး ဦးမြင့်ဝင်နှင့်အတူ ရေလုပ်သား ၁၈ဦးလိုက်ပါကာ ဟိုင်းကြီးကျွန်းမြို့က ယခုလ ၂၈ရက်နေ့လယ်ပိုင်းတွင် ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာ သွားခဲ့ခြင်းဖြစ် ကြောင်း၊ လိပ်ကျွန်း(ခ)သမီးလှကျွန်း၏ အရှေ့ဘက် (ထိပ်စွန်း၏)အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ပင်လယ် ပြင်သို့ အရောက်တွင် လှိုင်းလေပြင်ထန်ကာ ရေယာဉ်အားလှိုင်းများလွမ်းခြုံသွားခဲ့ပြီး ရေဝင်ကာတိမ်းစောင်းနှစ် မြုပ် သွားခဲ့ကြောင်း၊ ရေယာဉ်နှစ်မြုသွားပြီးနောက် ဦးထွန်းထွန်းဝင်းဦးစီးသည့် အောင်သီတာထွန်း(A)အမည်ရှိ ငါးဖမ်းရေယာဉ်က ညနေ ၆နာရီခွဲအချိန်ခန့်တွင် ရေလုပ်သားများကို တွေ့ရှိဆယ်ယူနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ရေယာဉ် ပေါ်ပါ ရေလုပ်သား ၁၈ဦးအနက် ၁၇ဦးကိုသာကယ်ဆယ်နိုင်ခဲ့ပြီး အသက်(၅၀)နှစ်အရွယ် ဦးတင်ရွှေ(ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေထိုင်သူ)မှာ ပျောက်ဆုံးနေကြောင်းသိရှိရသည်။
ယခုအခါ ရေယာဉ်နစ်မြုပ်မှုတွင် ပါဝင်ခဲ့ပြီး ကယ်ဆယ်ရရှိခဲ့သောရေလုပ်သား ၁၇ဦးမှာ ဟိုင်းကြီးကျွန်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးရေလုပ်သားတစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်းသိရှိရသည်။
Crd : IPRD Hainggyikyun #Myanmar_Online_News

0 comments:

Post a Comment