Thursday, July 30, 2020

ပန်းတောင်းမြို့နယ်တွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဧရာ၀တီမြစ်ကမ်းဘေး အနိမ့်ပိုင်းကျေးရွာများတွင် ဇူလိုင် ၂၈ ရက်မှစ၍ မြစ်ရေများ ဝင်ရောက်နေပြီး ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧရာ၀တီမြစ်ရေတက်မှုကြောင့် ထုံးဘိုကျေးရွာ၊ သောင်ကြီးကျေးရွာ၊ဆိတ္တဲကျေးရွာ၊ဂျင်းရဲကျွန်း ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ မြစိမ်းကျေးရွာ၊ သာယာ သစ်ကျေးရွာ၊ မြစိမ်းနောက်ကျေးရွာ စသည့် ကျေးရွာ အနိမ့်ပိုင်းများတွင် ရေများဝင်ရောက်၍ နစ်မြုပ်နေကြ သဖြင့် မြို့နယ်တာဝန်ရှိသူများ၊ ကပစ(၅)မှ တပ်မတော်သားများ၊ ထုံးဘိုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့ဝင်များက ထုံးဘိုကျေးရွာ အနိမ့်ပိုင်းရေနစ်မြုပ်လျက်ရှိ သည့် ခတ္တိယ ရပ်ကွက်မှအိမ်ထောင်စုလေးစုအား မြသိန်းတန်ဘုရား စောင်းတန်း ကယ်ဆယ်ရေးစခန်းသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးပြီး မြို့နယ်တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရေနစ်မြုပ်နေအိမ်များအား စာရင်းကောက်ယူလျက်ရှိသည်။
ဧရာ၀တီမြစ်ရေသည် ဇူလိုင် ၂၈ ရက်မှ စတင်ဝင်ရောက်သော်လည်း ရေတက်ကြမ်းသဖြင့် နောက်သုံးရက်ခန့် တွင် စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း နှစ်စဉ် ရေနစ်မြုပ်သည့် ကျေးရွာဒေသခံတစ်ဦးက ပြောပြသည်။
Ref ; The Standard Time Daily

0 comments:

Post a Comment