Thursday, July 30, 2020

မြန်မာ့ဂုဏ်ဆောင် ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့သူ ကမ္ဘာလှည့် တင်တင်စိန် ကွယ်လွန်

လွန်ခဲ့သောနှစ်ပေါင်း ၆၀ က အာရှတွင် ပထမဆုံးအဖြစ် BSA မော်တော်ဆိုင်ကယ်ဖြင့် မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ မိုင်ပေါင်း ငါးသောင်းကျော် တစ်နှစ်ကြာ စွန့်စားခရီးသွားကမ္ဘာပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန်သည် ဇူလိုင်လ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် သီလရှင်ဘဝဖြင့် တိမ်းပါးကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေ ကွဲ ရတယ် အဘွား။
အဘွားမဆုံးခင်က သူ့ပိုင်ဆိုင်တဲ့ ကျပ်သိန်း ၆ သောင်း ကနေ ၇ သောင်း ကြား တန်ကြေး ရှိတဲ့ဟိုတယ်တွေကို ရောင်းချပြီး သာသနာ အတွက် အလှူပြုဖို့ ဆုံးဖြတ်ထားခဲ့တယ်။ အာရှမှာ ဘယ်နိုင်ငံသားကမှ ကမ္ဘာမပတ်နိုင်သေးတဲ့အချိန် အဘွားက သူ့ခင်ပွန်းနဲ့အတူ ကမ္ဘာ့နိုင်ငံပေါင်း များစွာကို ဆိုင်ကယ်လေး တစ်စီးနဲ့ ကမ္ဘာပတ်ခဲ့တယ်။ အဘွားက မြန်မာ့သမိုင်းထဲက Legendary ဖြစ်သလို Hero တစ်ဦးလည်း ဖြစ်ခဲ့တယ်.. အဘွား ကောင်းရာဘုံဘဝ ရောက်ရှိနေပါပြီ...
RIPပါကမ္ဘာ့လှည့် အဘွား တင်တင်စိန် 🙏🙏🙏
Crd : PyiMyanmar

0 comments:

Post a Comment