Thursday, July 30, 2020

ဘရာဇီးနိုင်ငံမှ Huawei 5G အား ရွေးချယ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များ ရှိလာနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သတိပေးပြောကြား

ဘရာဇီးနိုင်ငံအနေဖြင့် ၎င်း၏ 5G network ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရုတ် ဆက်သွယ်ရေးကုမ္ပဏီ Huawei အား ရွေးချယ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များ ရှိလာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်မှ ဇူလိုင်လ ၂၉ ရက် နေ့ကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် သတိပေးပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ ရွေးချယ်မှုအပေါ် လက်တုံ့ပြန်မည်ဟု ပြောကြားခြင်းမဟုတ်သော်လည်း ဘရားဇီးနိုင်ငံအနေဖြင့် အမေရိကန်၏ အကြံပြုချက်များကို လက်မခံဘဲ တရုတ် ကုမ္ပဏီအား ရွေးချယ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များရှိလာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Todd Chapman မှ Golbo သတင်းစာသို့ ပြောကြားခဲ့ပါသည်။
ဘရာဇီးနိုင်ငံသည် လူဦးရေ ၂၁၂ သန်း နေထိုင်သော လက်တင်အမေရိက၏ လူဦးရေအထူထပ်ဆုံးနိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာမည့်နှစ်တွင် တင်ဒါခေါ်ယူရန် စီစဉ်ထားပါသည်။
အမေရိကန်နိုင်ငံမှ Huawei ကုမ္ပဏီသည် အသုံးပြုသူများ၏ အချက်အလက် များအား စုံစမ်းထောက်လှမ်းရန် တရုတ်အစိုးရသို့ ခွင့်ပြုပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး ၎င်းကုမ္ပဏီအား ကန့်ကွက်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများအား စည်းရုံးလျက်ရှိ ပါသည်။
တရုတ်အစိုးရမှ Huawei ကုမ္ပဏီအား သတင်းအချက်အလက်များပေးပို့ရန် အချိန်မရွေးတောင်းခံနိုင်ကြောင်း Chapman မှ ပြောကြားခဲ့ပါသည်။ ဆွီဒင်နိုင်ငံမှ Ericsson ကုမ္ပဏီနှင့် ဖင်လန်နိုင်ငံမှ Nokia ကုမ္ပဏီတို့အပါအဝင် အခြားသော ကုမ္ပဏီများသည် ဘရာဇီးနိုင်ငံ၏ 5G တင်ဒါခေါ်ယူမှုအား စိတ်ဝင်စားလျက် ရှိပါသည်။
အမေရိကန်နိုင်ငံ၏ ဦးတည်ချက်မှာ ဘရားဇီးနိုင်ငံကဲ့သို့သော အမေရိကန်၏ မဟာမိတ်များအား သတိပေးရန်ဖြစ်ကြောင်း Chapman မှ ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ယုံကြည်စိတ်ချရသော ပေးသွင်းသူများထံမှ ကုန်ပစ္စည်း ဝယ်ယူသူများအတွက် 5G စတင်အသုံးပြုနိုင်ရန် အမေရိကန်အစိုးရ အဖွဲ့အစည်းတစ်ခု ဖြစ်သော နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းမှတဆင့် ရံပုံငွေများ ထောက်ပံ့ရန်အသင့်ရှိကြောင်း Chapman မှ ပြောကြားခဲ့ပါသည်။
Source - CNA #Myanma_Online_News

0 comments:

Post a Comment