Thursday, July 30, 2020

ကျောက်ဆည် ရွှေသာလျောင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ သတ်သေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွေသာလျောင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှူု ယနေ့ ဇူလိုင်(၃၀)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်း ရရှိသည်။
သေးဆုံးသူသည် ကျောက်ဆည်မြို့နယ် ထန်းဇင်တော်ကျေးရွာနေ အသက်(၂၃)နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမျိုးသားသည် ခုန်ချသတ်သေခြင်း ဖြစ်ပြီး ယင်းသို့ သတ်သေခြင်း မပြုမီ အဒေါ်ဖြစ်သူထံ တယ် လီဖုန်းမှတဆင့် သတ်သေတော့မည်ဖြစ်ကြောင်း အသိပေးသွားသည်ဟု သိရှိရကြောင်း ကျောက်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ ဇူလိုင်(၃၀)ရက် ညနေ (၄)နာရီကျော်အချိန်က ကျောက်ဆည်မြို့နယ် ရွေသာလျောင်းတောင်ပေါ်မှ လူတစ်ဦး ခုန်ချသေဆုံးနေကြောင်း သတင်းရ၍ ကျောက်ဆည်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှုးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ ရုပ်အလောင်းအား ညနေ(၅)နာရီကျော်အချိန်တွင် တွေ့ရှိပြီး တောင်အောက်သို့ သယ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။
Ref ; Mandalay In-depth News၊

0 comments:

Post a Comment