Thursday, July 30, 2020

ဖူကူရှီးမားပေါက်ကွဲမှုတွင် လူတစ်ဦးသေဆုံး၊ ၁၇ဦးထိခိုက်ဒဏ်ရာရ

ဂျပန်နိုင်ငံ၊ ဖူကူရှီးမားစီရင်စုက စားသောက်ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး သေဆုံးသူ တစ်ဦးရှိကာ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုရီယာမမြို့က စားသောက်ဆိုင်ဖြစ်ပြီး ယနေ့နံနက်ပိုင်း ဒေသစံတော်ချိန် ၉နာရီဝန်းကျင်မှာ ပေါက်ကွဲသွားခဲ့တာလို့ သိရပါတယ်။ဂတ်စ်အိုးယိုစိမ့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံမီးသတ်အဖွဲ့က သုံးသပ်ထားခဲ့ကြပါတယ်။
စားသောက်ဆိုင်ထဲမှာ ဂတ်စ်အိုး ၆ခုရှိပြီး ဒီထဲက ၃အိုးမှာ ဂတ်စ်အိုးဘားတွေကျိုးပျက်နေပြီး ဓာတ်ငွေ့ယို စိမ့်နေခဲ့တာလို့ ဂျပန်သတင်းဌာန NHKမှာ ဖော်ပြခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်အဆောက် အအုံတစ်ခုလုံး ပျက်စီးသွားခဲ့ရပြီး အနီးအနားက အဆောက်အအုံတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ NHKက ဖော်ပြထားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသ ၁၇ဦးကို ဒေသတွင်းကဆေးရုံကို ပို့ဆောင်ကုသမှုပေးနေပြီး သူတို့ထဲက နှစ်ဦးက ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုနဲ့အတူ လောင်ကျွမ်းနေတဲ့မီးကို မီးသတ်အရာရှိတွေကငြှိမ်းသတ်ခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာမှာ စစ်ဆေးဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment