Friday, July 31, 2020

ရပ်မိရပ်ဖနှင့် မြို့နယ်မှရွေးသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ မပါဝင်လာသဖြင့် ရှားတောမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦး နုတ်ထွက်စာတင်

ကယားပြည်နယ် ရှားတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး စုစုပေါင်းသုံးဦးသည် ပါတီမှ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။
ထိုသို့ ၎င်းတို့သုံးဦး နုတ်ထွက်ရခြင်းမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ရပ်မိရပ်ဖနှင့် မြို့နယ်မှရွေးသော မြို့နယ်အတွက် အားကိုးရမည့်သူများ မပါဝင်လာခြင်းကြောင့်ဖြစ်ကြောင်းနှင့် အဆိုပါနုတ်ထွက်စာကို ဇူလိုင် ၂၈ ရက်က တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့နဲ့ ရပ်မိရပ်ဖပေါ့နော်။ ဦးစားပေး (၁)၊ (၂) ရွေးတဲ့အခါမှာ ကျွန်မတို့ရွေးတဲ့ ဦးစားပေး (၁) လေးယောက်ရှိတာပေါ့ရှင့်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းရွေးလာတဲ့အခါကျတော့ ကျွန်မတို့ထင်ထားတဲ့၊ အားကိုးရတဲ့သူမပါတော့ အပွင့်လင်းဆုံးပြောတာပေါ့။ ကျွန်မတို့အားကိုးရမယ့်သူမပါတော့ ကျွန်မတို့ နုတ်ထွက်ရခြင်းဖြစ်ပါတယ်ရှင့်။ ပြောမယ်ဆိုရင် ကျွန်မတို့ရှားတောမြို့ပေါ့နော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရယ်၊ အလုပ်အမှုဆောင်ရယ် အားကျိုးမာန်တက် စည်းရုံးထားတာပေါ့နော်။ ကျွန်မ ဗဟိုကိုလည်း အာမခံထားတယ်ရှင့်။ နောက် အလယ်ပိုင်းမဲဆန္ဒနယ်မှာပေါ့နော်။ ဗဟိုအဖွဲ့တွေ ဆင်းလာတော့ လာမေးတယ်။ အင်တာလာဗျူးတဲ့အခါကျတော့ တောင်ပိုင်း၊ အလယ်ပိုင်း နိုင်မလားဆိုတော့၊ ကျွန်မ အာမခံပေးခဲ့တယ်ရှင့်။ နိုင်မယ်လို့ အာမခံထားတယ်။ ကျွန်မတို့ အားကိုးရမယ့်သူတွေမပါတော့ ကျွန်မတို့အားလုံး စိတ်ဓာတ်ကျကုန်တယ်။ ဒါအမှန်အတိုင်း ကျွန်မဖွင့်ပြောရခြင်းဖြစ်တယ်ရှင့်။ NLD ကိုလည်း ချစ်ပါတယ်။ ကျွန်မတို့ အားကျိုးမာန်တက်လုပ်ထားတာ သဲထဲရေသွန်ဖြစ်သွားတယ်။ ဘယ်လိုပြောလို့ပြောရမှန်းလည်း မသိတော့ဘူး။ ဒါကျွန်မတို့ခံစားချက်ပေါ့။ နောက် သဘောတူလက်မှတ်ထိုးထားတဲ့ ရပ်မိရပ်ဖတွေလည်း အပြောခံရတယ်ရှင့်။ ငါတို့ရွေးထားရဲ့သားနဲ့ ငါတို့သဘောတူ လက်မှတ်ထိုးထားတဲ့သူက ပြန်ပါမလာတာကိုပြောတယ်ရှင့်” ဟု ရှားတောမြို့နယ် NLD အတွင်းရေးမှူး ဒေါ်အေးမြကပြောကြားသည် ။
ရှားတောမြို့နယ်တွင် လူဦးရေ ၇၇၀၀ ကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၄၄၀၀ ကျော်မှာ ဌာနေတိုင်းရင်းသား ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားမတတ်သူ အများအပြားရှိနေသေးသည့်အပြင် ယခင်ရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်း တစ်သီးပုဂ္ဂလအဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့်နယ်မြေဖြစ်သည့်အပြင် NLD ပါတီမှ မဲဆန္ဒနယ်အားလုံး အနိုင်ရခဲ့သည့် နယ်မြေဖြစ်ကြောင်းလည်း သိရသည်။
crd-Eleven Media Group #Myanmar_Online_News
>>Zawgyi<<
ရပ်မိရပ်ဖနှင့် မြို့နယ်မှရွေးသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ မပါဝင်လာသဖြင့် ရှားတောမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦး နုတ်ထွက်စာတင်
Friday, July 31, 2020
ကယားပြည်နယ် ရှားတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး စုစုပေါင်းသုံးဦးသည် ပါတီမှ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။
ထိုသို့ ၎င်းတို့သုံးဦး နုတ်ထွက်ရခြင်းမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ရပ်မိရပ်ဖနှင့် မြို့နယ်မှရွေးသော မြို့နယ်အတွက် အားကိုးရမည့်သူများ မပါဝင်လာခြင်းကြောင့်ဖြစ်ကြောင်းနှင့် အဆိုပါနုတ်ထွက်စာကို ဇူလိုင် ၂၈ ရက်က တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့နဲ့ ရပ်မိရပ်ဖပေါ့နော်။ ဦးစားပေး (၁)၊ (၂) ရွေးတဲ့အခါမှာ ကျွန်မတို့ရွေးတဲ့ ဦးစားပေး (၁) လေးယောက်ရှိတာပေါ့ရှင့်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းရွေးလာတဲ့အခါကျတော့ ကျွန်မတို့ထင်ထားတဲ့၊ အားကိုးရတဲ့သူမပါတော့ အပွင့်လင်းဆုံးပြောတာပေါ့။ ကျွန်မတို့အားကိုးရမယ့်သူမပါတော့ ကျွန်မတို့ နုတ်ထွက်ရခြင်းဖြစ်ပါတယ်ရှင့်။ ပြောမယ်ဆိုရင် ကျွန်မတို့ရှားတောမြို့ပေါ့နော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရယ်၊ အလုပ်အမှုဆောင်ရယ် အားကျိုးမာန်တက် စည်းရုံးထားတာပေါ့နော်။ ကျွန်မ ဗဟိုကိုလည်း အာမခံထားတယ်ရှင့်။ နောက် အလယ်ပိုင်းမဲဆန္ဒနယ်မှာပေါ့နော်။ ဗဟိုအဖွဲ့တွေ ဆင်းလာတော့ လာမေးတယ်။ အင်တာလာဗျူးတဲ့အခါကျတော့ တောင်ပိုင်း၊ အလယ်ပိုင်း နိုင်မလားဆိုတော့၊ ကျွန်မ အာမခံပေးခဲ့တယ်ရှင့်။ နိုင်မယ်လို့ အာမခံထားတယ်။ ကျွန်မတို့ အားကိုးရမယ့်သူတွေမပါတော့ ကျွန်မတို့အားလုံး စိတ်ဓာတ်ကျကုန်တယ်။ ဒါအမှန်အတိုင်း ကျွန်မဖွင့်ပြောရခြင်းဖြစ်တယ်ရှင့်။ NLD ကိုလည်း ချစ်ပါတယ်။ ကျွန်မတို့ အားကျိုးမာန်တက်လုပ်ထားတာ သဲထဲရေသွန်ဖြစ်သွားတယ်။ ဘယ်လိုပြောလို့ပြောရမှန်းလည်း မသိတော့ဘူး။ ဒါကျွန်မတို့ခံစားချက်ပေါ့။ နောက် သဘောတူလက်မှတ်ထိုးထားတဲ့ ရပ်မိရပ်ဖတွေလည်း အပြောခံရတယ်ရှင့်။ ငါတို့ရွေးထားရဲ့သားနဲ့ ငါတို့သဘောတူ လက်မှတ်ထိုးထားတဲ့သူက ပြန်ပါမလာတာကိုပြောတယ်ရှင့်” ဟု ရှားတောမြို့နယ် NLD အတွင်းရေးမှူး ဒေါ်အေးမြကပြောကြားသည် ။
ရှားတောမြို့နယ်တွင် လူဦးရေ ၇၇၀၀ ကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၄၄၀၀ ကျော်မှာ ဌာနေတိုင်းရင်းသား ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားမတတ်သူ အများအပြားရှိနေသေးသည့်အပြင် ယခင်ရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်း တစ်သီးပုဂ္ဂလအဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့်နယ်မြေဖြစ်သည့်အပြင် NLD ပါတီမှ မဲဆန္ဒနယ်အားလုံး အနိုင်ရခဲ့သည့် နယ်မြေဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ဖားဆောင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေမှာ ပါတီမှအနားယူလိုသည်ဟုဆိုကာ ဇူလိုင် ၂၅ ရက်တွင် နုတ်ထွက်စာတင်ထားပြီး ဖရူဆိုမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးဂျိုဝါးနီမှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ရပ်မိရပ်ဖမှ ရွေးချယ်သူငါးဦးတွင် တစ်ဦးသာ ပါရှိသည့်အတွက်ဟုဆိုကာ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။
crd-Eleven Media Group #Myanmar_Online_News

0 comments:

Post a Comment