Thursday, July 30, 2020

တရုတ်ရေတပ်၏ ကမ်းတက်စစ်ဆင်ရေးအထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ် ပထမအစီးအား ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းများ စတင်ဆောင်ရွက်တော့မည်

တရုတ်နိုင်ငံ၏ Hudong-Zhonghua ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းမှ တည်ဆောက်သည့် Yushan အတန်းအစား Type 075 ကမ်းတက်စစ်ဆင်ရေး အထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ် ပထမအစီးအား ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခြင်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း တရုတ်သတင်းမီဒီယာများ၏ ၂၉-၇-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
တရုတ်ရေတပ်အနေဖြင့် အဆိုပါအတန်းအစား စစ်ရေယာဉ်အား ရေပြင် သွားတိုက်ခိုက်ရေးစစ်ရေယာဉ်စုများတွင် ၃ စီးအထိ ပိုင်ဆိုင်ရန်ရည်ရွယ်ထားရှိပြီး လက်ရှိအချိန်၌ ၂ စီးသာ တည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစစ်ရေယာဉ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် အမေရိကန် ရေတပ်၏ Wasp အတန်းအစားနှင့် America အတန်းအစား ကမ်းတက်စစ်ဆင်ရေး အထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ်များထက် အရွယ်အစား အားဖြင့် သေးငယ်ပါသည်။ သို့သော် ဩစတြေးလျရေတပ်တွင် အသုံးပြုလျက်ရှိသည့် Canberra အတန်းအစားနှင့် ပြင်သစ်ရေတပ်သုံး Mistral အတန်းအစား ကမ်းတက် စစ်ဆင်ရေးအထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ်များထက် အရွယ်အစားကြီးမားသောကြောင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံးဖြစ် လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခြင်း များ စတင်ပြုလုပ်တော့မည့် Type 075 ပထမအစီးအား ၂၀၁၉ ခုနှစ်တွင် ရေချခဲ့ကာ ရေပေါ်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ကုန်းပတ်ဆိုင်ရာတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်ရေတပ်အနေဖြင့် ၎င်းစစ်ရေယာဉ် အား တပ်တော်မဝင်ရသေးသော်လည်း တောင်ပိုင်းစစ်ရေယာဉ်စုတွင် တာဝန်ပေး အပ်ရန် ကြိုတင်လျာထားကြောင်း သိရှိရပါသည်။ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်း ၏ ပြောကြားချက်များအရ ၎င်းစစ်ရေယာဉ်သည် ယခုအချိန်တွင် ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းများအား စတင်ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် တရုတ်မီဒီယာများ၏ ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါစစ်ရေယာဉ်သည် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပြီး ရေယာဉ်၏ ကုန်းပတ်ပေါ်နှင့် ဝမ်းဗိုက်အတွင်းမှ ရဟတ်ယာဉ်များတင်ဆောင်ထားရှိသည်ကို တွေ့မြင်ရခြင်းကြောင့် မကြာမီအချိန်အတွင်း ပင်လယ်ပြင်စမ်းသပ် စစ်ဆေးခြင်း များအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းစစ်ရေယာဉ်၌ တရုတ်နိုင်ငံထုတ် HHQ-10 အမျိုးအစား ရေယာဉ်မှဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် တစ်မိနစ်လျှင် ကျည်အတောင့် ၁၀,၀၀၀ ပစ်ခတ်နိုင်သည့် H/PJ-11 အမျိုးအစား ၃၀ မမ အနီးကပ်လေကြောင်းရန်ကာကွယ်ရေးလက်နက်များ တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ Hudong-Zhonghua ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် အဆိုပါစစ်ရေယာဉ်များ တည်ဆောက် ပေးလျက်ရှိသကဲ့သို့ ထိုင်းရေတပ်အတွက် Type 071 LPD စစ်ရေယာဉ်နှင့် ပါကစ္စတန် ရေတပ်အတွက် Type 054A ဖရီးဂိတ်စစ်ရေယာဉ်တို့အား တည်ဆောက်ပေးလျက်ရှိသည့်အတွက် ရေယာဉ်တည်ဆောက်မှုနည်းပညာအပိုင်းတွင် ကမ္ဘာ့ပေါ်ရှိ ရေယာဉ် တည်ဆောက်ရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက ရင်ပေါင်တန်းနိုင်နေပြီဖြစ်ကြောင်း သတင်းရရှိရပါသည်။
>>zawgyi<<
တရုတ်ရေတပ်၏ ကမ်းတက်စစ်ဆင်ရေးအထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ် ပထမအစီးအား ပင်လယ်ပြင် လက်တွေ့ စမ်းသပ်ခြင်းများ စတင်ဆောင်ရွက်တော့မည်
Thursday, July 30, 2020
တရုတ်နိုင်ငံ၏ Hudong-Zhonghua ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းမှ တည်ဆောက်သည့် Yushan အတန်းအစား Type 075 ကမ်းတက်စစ်ဆင်ရေး အထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ် ပထမအစီးအား ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခြင်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း တရုတ်သတင်းမီဒီယာများ၏ ၂၉-၇-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
တရုတ်ရေတပ်အနေဖြင့် အဆိုပါအတန်းအစား စစ်ရေယာဉ်အား ရေပြင်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်စုများတွင် ၃ စီးအထိ ပိုင်ဆိုင်ရန်ရည်ရွယ်ထားရှိပြီး လက်ရှိအချိန်၌ ၂ စီးသာ တည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစစ်ရေယာဉ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် အမေရိကန် ရေတပ်၏ Wasp အတန်းအစားနှင့် America အတန်းအစား ကမ်းတက်စစ်ဆင်ရေး အထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ်များထက် အရွယ်အစားအားဖြင့် သေးငယ်ပါသည်။ သို့သော် ဩစတြေးလျရေတပ်တွင် အသုံးပြုလျက်ရှိသည့် Canberra အတန်းအစားနှင့် ပြင်သစ်ရေတပ်သုံး Mistral အတန်းအစား ကမ်းတက် စစ်ဆင်ရေးအထောက်အကူပြု ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးစစ်ရေယာဉ်များထက် အရွယ်အစားကြီးမားသောကြောင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံးဖြစ် လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ပင်လယ်ပြင်လက်တွေ့စမ်းသပ်ခြင်း များ စတင်ပြုလုပ်တော့မည့် Type 075 ပထမအစီးအား ၂၀၁၉ ခုနှစ်တွင် ရေချခဲ့ကာ ရေပေါ်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ကုန်းပတ်ဆိုင်ရာတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်ရေတပ်အနေဖြင့် ၎င်းစစ်ရေယာဉ် အား တပ်တော်မဝင်ရသေးသော်လည်း တောင်ပိုင်းစစ်ရေယာဉ်စုတွင် တာဝန်ပေး အပ်ရန် ကြိုတင်လျာထားကြောင်း သိရှိရပါသည်။ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်း ၏ ပြောကြားချက်များအရ ၎င်းစစ်ရေယာဉ်သည် ယခုအချိန်တွင် ပင်လယ်ပြင် လက်တွေ့စမ်းသပ်ခြင်းများအား စတင်ဆောင်ရွက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် တရုတ်မီဒီယာများ၏ ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါစစ်ရေယာဉ်သည် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားပြီး ရေယာဉ်၏ ကုန်းပတ်ပေါ်နှင့် ဝမ်းဗိုက်အတွင်းမှ ရဟတ်ယာဉ်များတင်ဆောင်ထားရှိသည်ကို တွေ့မြင်ရခြင်းကြောင့် မကြာမီအချိန်အတွင်း ပင်လယ်ပြင်စမ်းသပ် စစ်ဆေးခြင်းများအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းစစ်ရေယာဉ်၌ တရုတ်နိုင်ငံထုတ် HHQ-10 အမျိုးအစား ရေယာဉ်မှဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် တစ်မိနစ်လျှင် ကျည်အတောင့် ၁၀,၀၀၀ ပစ်ခတ်နိုင်သည့် H/PJ-11 အမျိုးအစား ၃၀ မမ အနီးကပ်လေကြောင်းရန်ကာကွယ်ရေးလက်နက်များ တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ Hudong-Zhonghua ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် အဆိုပါစစ်ရေယာဉ်များ တည်ဆောက် ပေးလျက်ရှိသကဲ့သို့ ထိုင်းရေတပ်အတွက် Type 071 LPD စစ်ရေယာဉ်နှင့် ပါကစ္စတန် ရေတပ်အတွက် Type 054A ဖရီးဂိတ်စစ်ရေယာဉ်တို့အား တည်ဆောက်ပေးလျက်ရှိသည့်အတွက် ရေယာဉ်တည်ဆောက်မှုနည်းပညာအပိုင်းတွင် ကမ္ဘာ့ပေါ်ရှိ ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက ရင်ပေါင်တန်းနိုင်နေပြီဖြစ်ကြောင်း သတင်းရရှိရပါသည်။

0 comments:

Post a Comment