Thursday, July 30, 2020

မန္တလေးတိုင်းဒေသကြီးအတွင်း၌ သဘာဝဘေးအန္တရာယ်ခံစားရသူပေါင်း ၃၃၀၀၀ ကျော်ရှိ

မန္တလေးတိုင်းဒေသကြီး၌ သဘာဝဘေး ဒဏ်ခံစားရသူ စုစုပေါင်း ၃၃၀၀၀ ကျော်ရှိပြီး ကျပ်သိန်း ၁၅၀၀ ကျော်ကို ပံ့ပိုးပေးခဲ့ပြီးပြီဖြစ်ကြောင်းမန္တလေးတိုင်း ဒေသကြီး သဘာဘေးစီမံခန့်ခွဲမှု့ဦးစီးဌာနမှသိရသည် ။
ဧရာဝတီမြစ်ရေ တက်လာခြင်းကြောင့် သပိတ်ကျင်း စဉ့်ကူး ၊ မတ္တရာ ၊ ပုသိမ်ကြီး ၊ တံတားဦး ၊ စဉ့်ကိုင် စတဲ့မြို့နယ်များတွင် မြစ်ကမ်းအနီးတွင်ရှိသော ရေဘေးသင့်များကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပြီး ထောက်ပံံ့မှုများ လုပ်ဆောင်နေကြောင်းသိရသည် ။
" ရေဝင်ပြီး ရွှေ့ပြောင်းနေထိုင်ရတဲ့ သူတွေအတွက် ဆန်ရိက္ခာတစ်ပတ်စာ ထောက်ပံ့တာတွေ လုပ်ဆောင်ထားပါတယ် ၊ ဖြစ်ပေါ်လာတဲ့ သဘာဝဘေးပေါ်မှာ ချက်ချင်းထောက်ပံ့နိုင်အောင် စီစဉ်ထားတယ်" မန္တလေး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးအေးမင်းသူက ပြောသည် ။
ဧရာဝတီမြစ်ရေသည် မန္တလေးမြို့ရဲ့ စိုးရိမ်ရေအမှတ်အား ရောက်ရှိလာနိုင်သည့်အတွက် တာရိုတစ်လျှောက်တွင် သဲအိပ်များ သောင်းနဲ့ချီပြင်ဆင်ထားကြောင်းမန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီကသိရသည် ။
" တကယ်လို့ တစ်နေရာရာမှာ ားနည်းချက်ဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင်လူအင်အားယန္တရား အင်အားနဲ့ အသင့်အနေအထားပြင်ဆင်ထားတယ် " မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည် ။
မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၂၆၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ တိုင်းထွာချက်အရ ၁၂၄၇ စင်တီမီတာရှိနေကြောင်း မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည် ။
တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် များကြုံတွေ့ရပါက ကူညီပံ့ပိုးပေး နိုင်ရန် အသက်ကယ်ဗောကွင်း၊ အသက်ကယ်အင်္ကျီစသည့် အရေး ပေါ်အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာစသည့် မိသားစုအသုံး အဆောင်ပစ္စည်းများ၊ သန့်ရှင်းရေး သုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေးစသည့် ပံ့ပိုးရေးပစ္စည်းများကို အိမ်ထောင်စု ၁၀ဝဝစာ အတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးကြပ်မှုကော်မတီမှ သိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment