Friday, July 31, 2020

ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ရေကာတာ ဆိုးရွားစွာပြိုကျနေ၍ တာကျိုးပေါက်မည်ကို ဒေသခံများစိုးရိမ်နေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ နေရာရှိ ဧရာဝတီမြစ်ရေကာတာမှာ ဆိုးရွားစွာပြိုကျလျက်ရှိသဖြင့် တာကျိုးပေါက်မည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။
ဦးမိုးလေးဖြတ်တာမှာ ဧရာဝတီမြစ်၏ မူလဖြတ်တာဟောင်းဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ကာ ရေစွယ်တိုက်စားမှုကြောင့် ပြိုကျနေခြင်းဖြစ်ပြီး ကျိုးးပေါက်မှုဖြစ်ပွားနိုင်သည့် ဆိုးရွားသည့် အခြေအနေများကြောင့် အနီးအနားရှိအိုးအိမ်များဖျက်ကာ စတင်ရွှေ့ပြောင်းလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
"ဦးမိုးလေးဖြတ်တာက ခုပဲ့နေတာ ၂ ဖာလုံလောက်ရှိနေပြီ ပြိုကျတာ ၄ ရက်ရှိပြီ ခုတာအသားက ၃ ပေလောက်ပဲ ကျန်တော့တယ် အရမ်းစိုးရိမ်စရာ ကောင်းတဲ့အခြေအနေ ဖြစ်နေပါပြီ၊ လက်ရှိရေကာတာက စိုးရိမ်ရပါတယ် ဒီတာကျိုးသွားရင်ပေ ၁၀၀၀ လောက်ပဲကွာတဲ့ ပန်းတာအသစ်ကို ရေလုံးနဲ့ဝင်ဆောင့်ရင် ကျိုးနိုင်ပါတယ် ဒီတာကျိုးခဲ့ရင် ဒီနောက်ကရှိတဲ့ရွာ ၇ ရွာပါ ရေဘေးဒုက္ခနဲ့ကြုံရမှာပါ"ဟု ရပ်မိရပ်ဖတဦးဖြစ်သူ ဦးမြင့်ကြွယ်ကပြောသည်။
အဆိုပါ တာများကျိုးပေါက်ခဲ့ပါက ဟင်္သာတမြို့အပြင် မြို့နယ်အတွင်းရှိ စိုက်ပျိုးသီးနှံများနှင့် နေအိမ်များပါ ထိခိုက်သွားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
crd-ဧရာဝတီတိုင်းမ် #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment