Friday, July 31, 2020

ဘရာဇီးနိုင်ငံ သမ္မတ၏ ဇနီးပါ COVID-19 ရောဂါ ကူးစက်ခံရ

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂.၆ သန်းကျော် အထိ ရောက်ရှိလာခဲ့ကြောင်း ဇူလိုင် ၃၀ ရက် ၌ ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနေ့တွင် ဘရာဇီးနိုင်ငံ သမ္မတရုံး အနေဖြင့်လည်း သမ္မတ ဇနီး က COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိချိန်တွင် သူမအနေဖြင့် အခြေအနေကောင်းမွန်ကာ သမ္မတရုံး ဆေးဘက်ဆိုင်ရာ အဖွဲ့ အနေဖြင့် အနီးကပ် စောင့်ကြည့်ပေးနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ဘရာဇီး နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၅၇,၈၃၇ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း ၂,၆၁၀,၁၀၂ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံ သေဆုံးသူ ၁,၁၂၉ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉၁,၂၆၃ ဦး အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ဘရာဇီး နိုင်ငံ သမ္မတ သည်လည်း ယခုလ ၇ ရက် တွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၂၅ ရက် ၌ ရောဂါ ပျောက်ကင်းသွားကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင် ၃၀ ရက် ၌ ဘရာဇီးနိုင်ငံ နည်းပညာ တီထွင်ဆန်းသစ်မှု နှင့် ဆက်သွယ်ရေးဝန်ကြီး တွင်လည်း COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဘရာဇီးနိုင်ငံ တွင် ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ဝန်ကြီးများ နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများစွာ ရောဂါကူးစက်ခံခဲ့ရကြောင်း သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment