Thursday, July 30, 2020

ချစ်သုဝေနှင့် ဖခင်ကို တရားစွဲရန် ကြိုးပမ်းမှု သြဂုတ်လ (၅)ရက်နေ့ ရုံးချိန်းပေး

အဆိုတော် ချစ်သုဝေ နှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းတို့ကို သာသနာညိုးနွမ်းစေမှုနှင့် တရားစွဲဆိုရန် ကြိုးပမ်းမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက လာမည့် သြဂုတ်လ (၅)ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ကြောင်း တရားလိုရှေ့နေဦးအေးပိုင်ကပြောဆိုသည်။
“ ဒီနေ့ကလေ။ကျွန်တော်တို့ အရှေ့ပိုင်းခရိုင် တရားရုံးမှာလက်ခံထားတဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုအဲဒီ သင်္ဃန်းကျွန်းတရားရုံးက အမှုတွဲကိုတောင်းတဲ့အခါမှာ အမှုတွဲက အရှေ့ခရိုင်တရားရုံးကို ဒီနေ့ ရောက်တယ်ပေါ့။ နောက်ပြီးတော့ ခရိုင်ဥပဒေအရာရှိ နိုင်ငံတော်ဘက်က ဥပဒေအရာရှိကိုလည်းပဲ ခေါ်တဲ့အခါမှာ ဒီနေ့ ရောက်နေပါပြီ။ ရောက်နေတဲ့အတွက် ကျွန်တော်တို့က နောက်ရုံးချိန်း ၅ရက်နေ့ ၁၀နာရီမှာ လျှောက်လဲချက် ကြားနာကြပါမယ်။ နှစ်ဖက်ကြားနာမှာ လျှောက်လဲချက်ကြားနာမှာပေါ့နော် ဥပဒေရုံးနဲ့ နိုင်ငံတော်ဖက်နဲ့ ဥပဒေအရာရှိနဲ့ ကျွန်တော်နဲ့ ကြားနာမှာပေါ့ ” ဟု ၎င်းကပြောဆိုသည်။
ချစ်သုဝေနှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းတို့သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနှင့် ပတ်သက်ပြီး သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် သင်္ဃန်းကျွန်း မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ် တရားရုံးကပယ်ချခဲ့ပြီးနောက် ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်နေခြင်းဖြစ်သည်။
Ref ; Khit Thit Media

0 comments:

Post a Comment