Thursday, July 30, 2020

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်း ဒရိုင်ဘာတို့ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်းလူမျိုး ဒရိုင်ဘာတို့ ကြာသပတေးနေ့(ဇူလိုင်၃၀) က လမ်ပန်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရကြောင်း The Nation သတင်းက ဖော်ပြပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းက Thoen ခရိုင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက ဆာလီယမ်ဝမ် စစ်ဆေးရေးဂိတ်မှာ မသင်္ကာဖွယ် ကားတစ်စီးကို တားဆီး စစ်ဆေးခဲ့ရာမှာ ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ လမ်ပန်ပြည် နယ် လဝကရဲချုပ် ဒုတိယ ရဲမှူးကြီး ဆူရီယာချိုင်နန်က ပြောဆိုပါတယ်။ ကားကို စစ်ဆေးခဲ့ရမှာ ကားပေါ် ပုန်းခိုလိုက်လာကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းတို့ထံမှာ နယ်စပ်ဖြတ်သန်းခွင့်နဲ့ အ ခြားအထောက်အထားစာရွက်စာတမ်းတွေ မပါရှိဘဲ နိုင်ငံတွင်း ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ဟာ တာ့ခ်ပြည်နယ် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး လမ်ပန်သို့သွား ရောက်ကာ အလုပ်အကိုင်ရှာဖွေကြဖို့ စီစဉ်ထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံသားတစ်ဦးက ပြောဆိုကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်း ဒရိုင်ဘာတို့ကို အမှုဖွင့်ခဲ့ကာ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် Wiangmok ရဲစခန်းကို လွှဲပေးခဲ့ကြောင်းလည်း သိရပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment